ဇီဝိတဒါန မျက်စိဆေးရုံမှာ ငွေကျပ် (၁၂) သိန်းကျော်ကို လှူဒါန်းခဲ့တဲ့ စည်ဖြိုးတို့ မိသားစု

အနုပညာ

နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်တဲ့ စည်ဖြိုးက ရုပ်ရှင်၊ ဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း ပရိသတ်တွေများစွာရဲ့ အားပေးခြင်းကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ စည်ဖြိုးက လက်ရှိအချိန်မှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း မိသားစုတွေကို အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမြဲတမ်း အလှူတွေလုပ်ပြီး အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ စည်ဖြိုးတို့ မိသားစုရဲ့ အလှူလေးကို ပီတိဖြစ်စွာ တွေ့ရပါတယ်။

စည်ဖြိုးတို့ မိသားစုက ဇီဝိတဒါန မျက်စိဆေးရုံ ( ရန်ကုန် ) မှာ ငွေကျပ် (၁၂) သိန်းကျော်ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အလှူလေးနဲ့ ပက်သတ်ပြီး သရုပ်ဆောင်စည်ဖြိုးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြောပြထားပါတယ်။

“ဇီဝိတဒါန မျက်စိဆေးရုံ ( ရန်ကုန် ) မှာ ဆေးပဒေသာပင် အလှူငွေ ( ၁၀ ) သိန်းနှင့် နေ့ဆွမ်းအတွက် ၂၅၆,၀၀၀ ကို ဆုံးပါးသွားပြီဖြစ်တဲ့ ဘိုးဘိုးကြီးနဲ့ အန်တီ မဆွေဆွေဝင်း ( ၂ နှစ် ၃ လ ) တို့ကို ရည်စူးပြီး ဘွားဘွားကြီး ဒေါ်သန်းရင်၊ ဖေကြီး ဦးထွန်းအောင် + မေကြီး ဒေါ်သီသီဝင်း၊ ကျွန်တော် စည်ဖြိုး၊ ညီလေး ပြည့်ဖြိုး တို့မိသားစုမှ ၂၀၁၉ ဒီဇင်ဘာလ ၁၀ ရက်နေ့က လှူဒါန်းပေးခဲ့တာမို့ နတ်…လူ…..အပေါင်း သာဓု ခေါ်နိုင်ကြပါစေဗျာ………” ဆိုပြီး အမျှဝေထားပါတယ်။

စည်ဖြိုးတို့ မိသားစုက လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ပုသိမ်မြို့ တိုက်ကြီးကျောင်းတိုက် ET Foundation မျက်စိဆေးရုံမှာ လူနာ ၃၀၀ ကျော်ကို အခမဲ့ စရိတ်ငြိမ်း မျက်စိ ခွဲစိတ်ကုသမှုတွေ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

စည်ဖြိုးတို့မိသားစုကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို အားရပါးရလှူဒါန်းတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးတို့ မိသားစုရဲ့ အလှူလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။

မိုမိုလေး