ဖေဖေနဲ့မေမေကို ကြည့်ပြီး အားကျနေပါပြီဆိုတဲ့ အပျိုကြီးအေးမြတ်သူ

အနုပညာ

အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကတော့ ဖေဖေနဲ့မမေကိုကြည့်ပြီး အားကျနေတဲ့အကြောင်းကို “မမမြတ်လေး၏ မိဘများ မင်္ဂလာသတ်တမ်း (၃၇) နှစ်ပြည့် နဲ့ မင်္ဂလာသတ်တမ်း (၃၀)နှစ်ပြည့် သော ဇနီးမောင်နှံ့များနှင့် အားကျနေသော မမမြတ်လေ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မမြတ်လေးလို့ ပရိသတ်တွေရဲ့ ချစ်စနိုးခေါ်တဲ့ အေးမြတ်သူဟာ ဇာတ်လမ်းပိုင်းကို ပီပြင်အောင်ပုံဖော်သရုပ်ဆောင်နိုင်ပြီး သူမရဲ့ အကောင်းဆုံးအကယ်ဒမီဆုကို” နောင်တွင်ဥဒါန်းတည်စေသတည်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။သူကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဘော်ဒီကောက်ကြောင်းလှပမှုတွေကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။အေးမြတ်သူဟာ အနုပညာအလုပ်တွေနဲ့ပဲ မအားလပ်နေသူတစ်ယောက်ဖြစ်ပြီး အချစ်ရေးကိုပရိသတ်ကို ချပြထားခြင်းမရှိသေးတာကြောင့် အပျိုကြီးဖြစ်တော့မယ်လို့တောင် ပရိသတ်တွေက မှတ်ချက်ပေးထားသူတစ်ယောက်ဖြစ်ပါတယ်။

မကြာသေးမှီကမှ သူဟာ ချစ်သူရဲ့ဂရုစိုက်ပေးမှုတွေကြောင့် ပျော်ရွှင်နေရကြောင်းကို စာတချို့ရေးကာတင်ခဲ့ပြီး ပရိသတ်တွေကတော့ မမြတ်လေးချစ်သူရနေပြီလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အပျိုကြီး အေးမြတ်သူကတော့ “ဖေဖေနဲ့မေမေကို ကြည့်ပြီး အားကျနေပါပြီတဲ့နော်။