မေမေ့ရဲ့မွေးနေ့မှာ ရိုးရှင်းတဲ့မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးခဲ့တဲ့ သဇင်ထူးမြင့်

အနုပညာ

ဒီနေ့ကတော့ ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ မင်းသမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်ရဲ့ မေမေမွေးနေ့ပဲဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ ဟာသသရုပ်ဆောင်၊ဒါရိုက်တာ ခင်လှိုင်ရဲ့သမီးဖြစ်ပြီး ရွှေကြိုဘဝကနေ ပရိသတ်တွေစတင်သတိထားမိလာသူတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ ကြော်ငြာရိုက်ကူးရေးတွေသာမက ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

ချစ်မွှေးပါတဲ့ သဲလို့လည်းခေါ်တဲ့သဇင်ထူးမြင့်ကိုတော့ အမျိုးသားထုကြီးတစ်ခုလုံးက နှစ်သက်ကြတာဖြစ်ပြီး ဦးခင်လှိုင်ကိုလည်း ယောက္ခကြီးဆိုလည်း စနောက်ကြတာတော့ အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားနေတာပါ။ ဒီနေ့လေးမှာတော့ သဲက သူ့ရဲ့မေမေအတွက်မွေးနေ့ဆုတောင်းလေးဖြစ်တဲ့ “Happy Birthday မေမေ…အမြဲတမ်းပျော်ရွှင်ပြီး ဖြစ်ချင်တဲ့ဆန္ဒတွေအမြန်ဆုံး ပြည့်ပါစေ…ကလေးလေးလိုလည်း ပိုချွဲပြီး ရစ်နိုင်ပါစေ” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

သဇင်ထူးမြင့်ရဲ့ပို့စ်အောက်မှာတော့ အမျိုးသားပရိသတ်တွေရဲ့ထုံးစံအတိုင်း “Happy Birthday ပါယောက္ခမကြီး” ဆိုတဲ့ဆုတောင်းစကားတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သဇင်ထူးမြင့်လို ချစ်ဖို့ကောင်းတဲ့သမီးလေးကို မွေးထုတ်ပေးထားတဲ့မေမေ့ကို မွေးနေ့မှာပျော်ရွှင်နိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source – Thazin Htoo Myint