အဆိုတော်ကြီး ဂရေဟမ်ရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ဆိုတဲ့ သမီးချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်က ဖခင်ဖြစ်သူ ဂရေဟမ်ရဲ့ ထူးခြားတဲ့ သီချင်းဆိုစွမ်းရည်ကို အပြည့်အဝ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ သီချင်းခွေတွေ ထွက်ရှိထားပြီး ပန်းသွန်းခြယ်ကတော့ အနုပညာလုပ်ငန်းတွေကို သိပ်ပြီး မလုပ်ကိုင်တာကို တွေ့ရပါတယ်။
စည်းလုံးမှုရှိပြီး တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေနဲ့ ကြင်နာကြတဲ့ ပန်းရောင်ခြယ်တို့ မိသားစုလေးကို ပရိသတ်တွေကလည်း သဘောကျကြတာ ဖြစ်ပါတယ်။ အေးချမ်းပြီး သောကကင်းတဲ့ ပန်းရောင်ခြယ်တို့မိသားစုက ပရိသတ်တွေအတွက် စံပြမိသားစုလေးတစ်ခုပါပဲ။
ပန်းရောင်ခြယ်တို့ မိသားစုက ဒီတစ်ခေါက်မှာတော့ အင်္ကျီအနွေးထည်ဆင်တူလေးတွေနဲ့ ချစ်စရာကောင်းစွာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပန်းရောင်ခြယ်တို့ မိသားစုလေးယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပန်းရောင်ခြယ်က “အသက်တွေကြီးလာရင် အေးချမ်းတဲ့ဒေသလေးမှာ စိတ်အေးချမ်းစွာ နေထိုင်ချင်တယ် 👨👩👧👧♥️” ဆိုပြီး မိသားစုနဲ့ အေးချမ်းစွာနေချင်တဲ့အကြောင်းကို ပြောထားပါတယ်။
ပန်းရောင်ခြယ်တို့ မိသားစုလေးက အေးအေးချမ်းချမ်းနဲ့ အရမ်းကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်တို့ မိသားစုပုံရိပ်လေးတွေကို သဘောကျရင် Like $ Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး