ပရိသတ်အချစ်တော်မေမေမိုးယုစံရဲ့ တစ်ဦးတည်းသော သားသားလေး ကောင်းသိင်္ခမိုးသူကတော့ ငယ်ငယ်လေးနဲ့ အမြဲပြုံးနေတတ်တာမို့ အားလုံးက ဖိုးပြုံးချိုလေးဆိုပြီး အချစ်ပိုနေရတာပါ။ မျက်နှာချိုလွန်းတဲ့ သားလေးကိုတော့ မိသားစုတွေကသာမက ပရိသတ်တွေကလည်း အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့မေမေမိုးယုစံက ချစ်စရာကောင်းတဲ့ သားလေးကို ဆံပင်လိုက်ညှပ်ပေးခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ဆံပင်ပုံစံအသစ်နဲ့ အရမ်းမိုက်နေတဲ့ သားသားလေး ကောင်းသိင်္ခမိုးသူရဲ့ပုံရိပ်တွေက အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ အမေတူသားလေး ကောင်းသိင်္ခမိုးသူရဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
မိုးယုစံကတော့ ” ကေညှပ်ပီး ဆံပင်ထောင်ပီး စတိုင်အပြည့်နဲ့🥰🥰🥰”ဆိုပြီး ဆံပင်ပုံစံအသစ်နဲ့ စတိုင်ကျနေတဲ့ သူမသားသားလေးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။ မိုးယုစံရဲ့သားလေးကတော့ ကြီးလာရင် အမေလို အနုပညာဝါသနာပါမလားဆိုတာကိုတော့ ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။
အိုက်တင်ပေးနေတဲ့သားလေးကို အမိအရ ဓာတ်ဖမ်းပေးနေတဲ့ မေမေ မိုးယုစံ…။
မိုးယုစံကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ရင်း ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပုံဖော်ထားတာပါ။မိုးယုစံရဲ့ ချစ်မဝတဲ့သားသားလေးဖြစ်တဲ့ ဖိုးပြုံးချိုလေးကောင်းသိင်္ခမိုးသူကတော့ မိသားစုတွေအားလုံးအပြင်ပရိသတ်တွေကပါ အချစ်ပိုနေကြရသူလေးပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ မိုးယုစံရဲ့သားလေးကိုချစ်ရင်shareသွားကြပါဦးနော်။
မိုမိုလေး