Treasureလေးရဲ့ ၅လပြည့်မှာ သမီးလေးကိုခေါ်ပြီး ဘုရားသွားကာကုသိုလ်ယူခဲ့တဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံ

အနုပညာ

ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးချောချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့မိသားစုဘဝလေးက အရမ်းစိုပြေသာယာပြီး ပရိသတ်တွေကလည်းအရမ်းချစ်ကြတာဖြစ်ပါတယ်။ဒီးဒီးက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက်သာလုပ်ဆောင်နေပါတယ်နော်။

စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သမီးအပေါ်ကို ကြင်နာမှုတွေနဲ့နွေးထွေးစွာဂရုစိုက်ပေးနိုင်စွမ်းရှိတဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasureလေးကတော့ မေမေနဲ့ချွတ်စွပ်တူပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။

ဒီနေ့လေးဟာဆိုရင်တော့ Treasureလေးရဲ့ ၅လပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်နော်။Treasureလေးရဲ့ ၅လပြည့်လေးမှာ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက သမီးလေးနဲ့အတူ ဘုရားသွားပြီးကုသိုလ်ယူကြတာဖြစ်ပါတယ်။မိသားစုစုံစုံလင်လင်နဲ့ ကြည်နူးဖို့ကောင်းတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။