သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို ချက်ချင်းရောက်လာတဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ပတ်ထရစ်ရှာ

အနုပညာ

ညှို့အားပြင်းလွန်းတဲ့ အမိုက်​စားမင်းသမီး​ချော​လေး ပတ်​ထရစ်​ရှာက​တော့ ရူးခါ​အောင်​မိုက်​တဲ့ ခန္ဓာကိုယ်​ကောင်​ကြောင်း​အလှနဲ့ International ဆန်​တဲ့ မျက်​နှာကျ​လေးကို ပိုင်​ဆိုင်​ထားသူ​လေးမို့ ပရိသတ်တွေ အမြဲစောင့်ကြည့်အားပေးနေရသူလေးပါ။ သူမကို အရမ်းချစ်တဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရတဲ့ ပတ်​ထရစ်​ရှာက​တော့ လတ်​တ​လောမှာလည်း သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို အပြေးအလွှားရောက်လာတဲ့ ချစ်သူအကြောင်းကို လူမှုကွန်​ယက်​မှာ​ ကြည်နူးစွာဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ နိုင်ငံခြားသားပေမယ့် သူမကို ဂရုတစိုက် ချစ်တတ်လွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူလေး ပတ်​ထရစ်​ရှာကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်​နော်​။

ချစ်​ပရိသတ်​တွေအတွက်​ အရမ်းချစ်ပြီး ဂရုစိုက်တတ်လွန်းတဲ့ ချစ်သူကြောင့် ပျော်စရာမွေးနေ့လေး ပိုင်ဆိုင်ခဲ့ရတဲ့ ပတ်​ထရစ်​ရှာရဲ့အကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ပတ်ထရစ်ရှာကတော့ “မနေ့ညက ၁၂ နာရီလည်းထိုးရော ကိုယ့်ကို surprise ဝိုင်းလုပ်ကြတာအရမ်း surprised ဖြစ်ပြီးတကယ်ဝမ်းသာပျော်ရွှင်ခဲ့ရတယ် Special thanks to my mom for always being there for me. 😭🙏🏻 And my love who flew all the way from Europe to Myanmar with the presents for my birthday. 😘❤️🎁💝 And my best friend Liam who arranged this birthday trip. 😍❤️🙏🏻 Thank you, thank you, thank you very much! You guys mean a lot to me I love you guys! 😭❤️😘🙏🏻😍Thanks to Sofietel and the staffs!!! 🙏🏻

သူငယ်ချင်း surprise လုပ်ပေးချင်တဲ့အတိုင်း birthday cake လေးရော bouquet လေးရောစီစဉ်ပေးပြီးအခန်းထဲအထိလာရောက်ပါဝင် surprise လုပ်ပေးကြတဲ့ Sofietel မှ ချစ်ဖို့ကောင်းတဲ့ staffs များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်And everyone who wishes me Happy Birthday! Thank you! ☺️🙏🏻” ဆိုပြီး သူမကို မွေးနေ့မှာ ပျော်ရွှင်စေခဲ့တဲ့ မိခင်ဖြစ်သူနဲ့ Europe ကနေ မြန်မာအထိလာပြီး လက်ဆောင်ပေးတဲ့ ချစ်သူကို ကျေးဇူးတင်စကား ပြောထားတာပါ။

သူမရဲ့ စိတ်ချယုံကြည်မှုကို အပြည့်အဝရရှိအောင် ချစ်ပြတတ်တဲ့ ချစ်သူရဲ့ ရိုးသားမှုကြောင့် ရှာရှာလေးတစ်ယောက် အရမ်း ဂုဏ်ယူနေရတာပါ။ မင်းသမီး​ချော​လေး ပတ်ထရစ်ရှာက​တော့​ လတ်​တ​လောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ရုပ်​ရှင်​တွေလည်း ရိုက်​ကူးဖြစ်​နေတယ်​လို့ သိရပါတယ်​။ ချစ်​ပရိသတ်​တွေလည်း ကြင်နာတတ်တဲ့ ချစ်သူကို ပိုင်​ဆိုင်​ထားတဲ့ ရှာရှာလေးကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

မိုမိုလေး