ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ

အနုပညာ

ထူးခြားတဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar အစီအစဉ်က တစ်ပတ်ထက်တစ်ပတ် စိတ်လှုပ်ရှားဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။ မျက်နှာဖုံးဝတ်စုံတွေအောက်က အနုပညာရှင် Cele တွေက ဘယ်သူများဖြစ်မလဲဆိုတာ ခန့်မှန်းရတာ တော်တော်လေး ပျော်ဖို့ကောင်းပြီး သိလိုစိတ်ကို နှိုးဆွနိုင်တာ ဖြစ်ပါတယ်။


The Mask Singer Myanmar မှာ ကျား၊ ဇီးကွက်၊ ယက္ခ စတဲ့ ဇာတ်ကောင်တွေကတော့ ပိုင်တံခွန်၊ ဟန်တီ၊ ကျော်ထူးတို့ဖြစ်မှန်း ပေါ်လွင်ထင်ရှားခဲ့ပြီ ဖြစ်ပါတယ်။

ဒီအပတ်ထုတ်လွှင့်ပြသတဲ့ The Mask Singer Myanmar အပိုင်း (၅) မှာတော့ Group A မှ နဂါး၊ Group B မှ သီးမွှေး၊ Group C မှ ဖိုးဝတို့ရဲ့ ထိပ်တိုက်သီဆိုယှဉ်ပြိုင်မှုအပြီးမှာ ဖိုးဝနဲ့ သီးမွှေးတို့က မျက်နှာဖုံးချွတ်ပြဖို့ ဖြစ်လာပါတယ်။


ဖိုးဝမျက်နှာဖုံးပိုင်ရှင်ကတော့ မိန်းကလေးဆွေရဲ့ အသည်းစွဲ မင်းသားချော အောင်ရဲထိုက်ဖြစ်ပြီး သီးမွှေးမျက်နှာဖုံးပိုင်ရှင်ကတော့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ပိုပိုဟေသာတို့ ဖြစ်နေတာကို တွေ့ရပါတယ်။

အောင်ရဲထိုက်နဲ့ ပိုပိုဟေသာတို့ကတော့ ပရိသတ်တွေနဲ့ ဒိုင်တွေ မခန့်မှန်းမိအောင် တော်တော်လေး သိုသိုဝှက်ဝှက်နေနိုင်ခဲ့တာပဲနော်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်သူတွေက မျက်နှာဖုံးချွတ်ရမလဲ စိတ်ဝင်စားစရာပါပဲ။

မိုမိုလေး