သမီးလေးရဲ့ ၅လပြည့် မွေးနေ့ကို စွယ်တော်ဘုရားမှာ ဘုရားဖူးရင်း အလှူလုပ်ခဲ့တယ် ဆိုတဲ့ စန္ဒီမြင့်လွင်

အနုပညာ

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင် က သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ၅လ ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ ပုံရိပ်ကလေးတွေကိုချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။


စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်း၊ သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက ဒီနေ့မှာတော့ သမီးလေး Treasure ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ မျှဝေလိုက်တာပါ။


စန္ဒီမြင့်လွင် က ” မီးမီး Treasure ဒီနေ့ ၅လပြည့်ဖေဖေမေမေတို့ နဲ့တူတူစွယ်တော်ဘုရား မှာဘုရားဖူးအလှူလုပ် ခဲ့တယ်ရှင့် ခုနှစ်ရက်သားသမီးအားလုံးကိုယ်စားလှူခဲ့ပါတယ်🤩အပြန်ကျမုန့်မုန့်လိုက်ကျွေးမယ်ဆိုပီးမေမေက မီးမီးနေပူပီးပင်ပန်းမှာဆိုးလို့ ကျွေးတော့ဘူးအိမ်ပဲပြန်ပို့တယ်ရှင့်🧐 နောက်ဆိုရ င်တော့ဒါမျိုးမရဘူးမေမေ😁 ” ဆိုပြီးပြောထားပါတယ်။


စန္ဒီ့မြင့်လွင်တို့မိသားစု ရဲ့ ချစ်စရာပုံရိပ်


>စန္ဒီမြင့်လွင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့မွေးနေ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။မိုမိုလေး