ကလေးဆန်ဆန် အမူအယာလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ခြူးလေးရဲ့ပုံရိပ်တွေ

အနုပညာ

ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ သဟာဝကျကျ သရုပ်ဆောင်ရင်း လူသိများလာသူဖြစ်တဲ့ ခြူးလေးကတော့ ပွင့်လင်း ရိုးရှင်းတဲ့ ချစ်စရာ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ ။ လတ်တလောမှာတော့ ခြူးလေးက ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့အမူအယာတွေနဲ့ ကြော်ငြာရိုက်နေတဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်ညီတဲ့ ခြူးလေးကိုတော့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါနော်။

ချစ်​ပရိသတ်​တွေအတွက် အရမ်းကို လှရက်လွန်းတဲ့​ မင်းသမီးချောလေး ခြူးလေးရဲ့ကြော်ငြာရိုက်ကွင်းကပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ခြူးလေးကတော့ “အချိန်နာရီလေးဘဲ ခြားတာကို လွမ်းနေလို့ …🖤🖤Commercial တွေလည်း လွမ်းရင်း ရိုက်တယ်ကွာ” ကလေးဆန်ဆန်ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။ ​အလုပ်လုပ်နေရရင်ကို ပျော်နေတဲ့ ခြူးလေးကတော့ ကြော်ငြာရိုက်ကွင်းမှာလည်း လွတ်လပ်ပျော်ရွှင်နေတာပါနော်။


ခြူးလေးက​တော့ လတ်​တ​လောမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်​ကူးဖြစ်​နေပြီး၊ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ခြူးလေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲအသစ်တွေလည်း မကြာခင် ပရိသတ်တွေ ကြည့်ရှုကြရတော့မှာပါ။ မိုမိုလေး