ပရိသတ်တွေသဘောကျနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပွဲတက်ပုံရိပ်များ

အနုပညာ

နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်က အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှူတွေရရှိထားသူပါ။ စိုင်းစိုင်းခမ်းလှိုင်က ဂီတလောကနဲ့ ရုပ်ရှင်လောကမှာ နာမည်ကြီး ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်သလို ဝတ်မှုံရွှေရည်ကလည်း ရုပ်ရှင်လောကမှာ ပြည်ပထိ ထိုးဖောက်အောင်မြင်သူလေး ဖြစ်ပါတယ်။


အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေ အတူတူတွဲဖက်လုပ်ကိုင်သလို G-Shock နဲ့ Baby-G နာရီတွေရဲ့ Brand Ambassador တွေလည်း ဖြစ်ပါတယ်။


မနေ့က ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့က G shock ရဲ့ မန္တလေးမြို့ရဲ့ ပထမဦးဆုံး New Concept Store Grand Opening အခမ်းအနားကို Brand Ambassador တွေအဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။


ထိုပွဲအခမ်းအနားမှာဆိုရင်တော့ G Shock ရဲ့ Brand Ambassador များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဝတ်မှုန်ရွှေရည်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်းနှင့် ပရိသတ်များနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊လက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်လို့ သိရပါတယ်။

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ကို အခုလို အတူတူ တွဲဖက်ပြီးတွေ့ရတဲ့အတွက် ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပုံရိပ်တွေကို သဘောကျကျေနပ်ကြမယ် ထင်ပါတယ်နော်။