သမီးတွေနဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ လည်ပတ်နေတဲ့ စမိုင်းလ်

အနုပညာ

ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ မင်းသမီးချောလေး စမိုင်းလ်က တစ်ခေတ်တစ်ခါက ကြော်ငြာတွေနဲ့ သီချင်း MV တွေမှာ နေရာယူထားနိုင်သူလေး ဖြစ်ပါတယ်။ စမိုင်းလ်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ သိပ်ပြီး မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဒီနေ့ဒီအချိန်ထိ ရရှိနေဆဲ ဖြစ်ပါတယ်။

စမိုင်းလ်က လွန်ခဲ့တဲ့ရက်ပိုင်းက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် သွားရောက်ဝန်းရံအားပေးခဲ့ပြီး အခုလက်ရှိမှာတော့ သမီးတွေနဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စမိုင်းလ်က ” ကိုရီးယားပထမနေ့ အရမ်းအေးပေမဲ့အရမ်းပျော် 🥰 ဆာဒါးငယ် 😘” ဆိုပြီး ဆိုးလ်မြို့မှာ ပျော်ရွှင်စွာ လည်ပတ်နေတဲ့ပုံရိပ်တွေကို မျှဝေထားပါတယ်။

စမိုင်းလ်က သမီးလေးပေါ်ရှာနဲ့ ကလိုဝီတို့ရဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ နိုင်ငံခြားခရီးစဉ်ကို လိုက်ပို့ပေးပြီး မိသားစုလေးယောက် ပျော်ရွှင်စွာ လည်ပတ်၊ စားသောက်နေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ကိုရီးယားမှာ ချစ်ရတဲ့ ခင်ပွန်း၊ သမီးတွေနဲ့ အပျော်ကြီးပျော်နေပုံပါပဲ။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုရဲ့ ခရီးသွားပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။

မိုမိုလေး