လေဆိပ်ကိုလာကြိုတဲ့ ချစ်ခင်ပွန်းရဲ့ခါးလေးကိုဖက်ကာအပြတ်ရိုပြနေတဲ့ အူဝဲ

အနုပညာ

ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ အားကျချစ်ခင်နေရတဲ့ စုံတွဲလေးကတော့ ပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်ဟာလည်း အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေတာပါ။ သူတို့နှစ်ယောက်စလုံးဟာ သားနဲ့သမီးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။

လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စောင့်မျှော်အားပေးနေတာပါ။ အခုမှာလည်း အိန္ဒြာကျော်ဇင်ရဲ့ Facebook PAGE မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။


ဒါကတော့ နောက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် မော်လမြိုင်မြို့ကိုရောက်ရှိနေတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” “ငရဲဆို ချိုနဲ့လား” မော်လမြိုင် ရိုက်ကူးရေးကို ပလိုဂျုဆာ လိုက်လာတော့ ခေါင်းဆောင်မင်းသားကိုယ်တိုင် လာကြိုရတာပေါ့ကွယ်……

မကြိုလို့ကတော့ မင်းသားလဲပလိုက် မယ်….ညှင်း…..ညှင်း…..ညှင်း……” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ပြေတီဦးတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။