တစ်ခေတ်ကလိုမပြောင်းလဲတဲ့အလှတရားတွေနဲ့ အရမ်းကျက်သရေရှိပြီးခမ်းနားထည်ဝါစွာနုပျိုလှပနေတဲ့ ထက်ထက်မိုးဦး

အနုပညာ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ထက်ထက်မိုးဦးဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းကကြော်ငြာဘုရင်မလို့တောင် ပရိသတ်တွေကတင်စားထားကြတာဖြစ်ပါတယ်။ဆံနွယ်ရှည်ရှည်လေးနဲ့အရမ်းပဲချစ်စရာကောင်းပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးခဲ့တဲ့ ထက်ထက်က အရမ်းအောင်မြင်လွန်းလို့ ထက်ထက်မိုးဦးခေတ်လို့တောင် သမိုင်းတွင်ကျန်ခဲ့ပါတယ်နော်။

အခုချိန်မှာဆိုရင်တော့ ထက်ထက်မိုးဦးကလည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းရိုက်ကူးသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေပါတယ်။ပရိသတ်တွေကလည်း ထက်ထက်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုမျှော်လင့်နေတာဖြစ်လို့ သူမရဲ့ဇာတ်ကားတွေရုံတင်ရင်လည်း တစ်ခဲနက်ကိုအားပေးဝန်းရံကြဦးမှာဖြစ်ပါတယ်။

ထက်ထက်မိုးဦးက ယနေ့အချိန်ထိတိုင်အောင် လှပနုပျိုခြင်းတွေကိုပိုင်ဆိုင်ထားပြီး ငယ်ရုပ်လေးလည်းမပျောက်သွားပါဘူးနော်။အခုဆိုရင်တော့ ထက်ထက်က မင်းသားချောလေးအလင်းရောင်နဲ့အတူ အမှတ်တရဓာတ်ပုံလေးရိုက်ထားပြီး အနီရဲရဲလေးနဲ့အရမ်းလှနေပြီး ကျက်သရေရှိခြင်းတွေနဲ့အတူ ခမ်းနားထည်ဝါစွာလှနေတဲ့ထက်ထက်မိုးဦးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။