သူ့နာမည်လေးထိခိုက်မှာဆိုးလို့တိတ်ဆိတ်နေပေးခဲ့တာလို့ ပေါက်ကွဲလာတဲ့ ဇာဇာထက်

အနုပညာ

ပရိသတ်ကြီးရေ လတ်တလောမှတော့ မော်ဒယ်ဇာဇာထက်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “တချို့ဗီဇတွေက ဖျောက်ပေးဖို့ခက်တယ်”ဆိုပြီး အစချီကာပေါက်ကွဲတဲ့ စာတစ်ခုကို တင်လိုက်ပါတယ်။ဇာဇာထက်ကတော့ သူ့ရဲ့ချစ်သူဖြစ်တဲ့ နေလင်းကျော်နဲ့ (၄)နှစ်ကျော် (၅)နှစ်နီးပါလက်တွဲခဲ့ပြီး လက်ရှိမှာတော့ နှစ်ဦးသားဆက်ဆံရေးက ချစ်သူတွေမဟုတ်တော့ပါဘူးဆို နေလင်းကျော်ကိုယ်တိုင်က အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။

ဇာဇာထက်ကတော့ ဒီနေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့မှာ “တချို့ဗီဇတွေကဖျောက်ပေးဖို့ခက်တယ်။ သူ့အလှည့်ကိုယ်ပွဲတွေသွားတုန်းကစာတွေ ရေးလိုင်းပေါ်တင် အရှက်တွေလိုက်ခွဲမဆိုင်တဲ့သူတွေကို ဖုန်းဆက်ပြသာနာလိုက်ရှာပုံတွေတင်/ဓာတ်ပုံသမားတွေကို ပြသာနာလိုက်ရှာခဲ့ပေမဲ့ ကိုယ့်အလှည့်ကျ သူ့ကိုလူသိနေပြီလေ အခုမှထတင်ရင်သူ့နာမည်လေးထိခိုက်မှာစိုးလို့။ငါ့ကိုလူတွေမနာလိုဖြစ်တယ်ထင်မှာစိုးလို့ တိတ်ဆိတ်နေပေးခဲ့တယ် ရေးပြီးသားစာတွေသူ့ကိုထိခိုက်မှာစိုးလို့အကြိမ်ကြိမ်ပြန်ဖျက်ခဲ့တယ်”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပါ။

တချို့လူတွေကတော့ ဇာဇာထက်ကို စိတ်လျှော့ဖို့၊ စိတ်ထိန်းဖို့၊ စိတ်ကောင်းမွေးဖို့ အကြိမ်ကြိမ်လာပြောကြပေမဲ့ ဇာဇာထက်ကိုယ်တိုင်က သူလည်း လူသားတစ်ယောက်ဖြစ်တာပြီး သူတို့ နှစ်ယောက်ကြားမှာ လူတွေမသိသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိတာကြောင့် မသိဘဲနဲ့ မဝေဖန်ကြပါနဲ့လို့ပြောပါရစေ ဆိုပြီးတော့လည်း ဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဇာဇာထက်ပြောသလို တချို့ဗီဇတွေက ဖျောက်ပေးဖို့ ခက်တယ်ဆိုတာတော့ အမှန်ပါပဲနော်။