စင်္ကာပူမှာတောက်ပခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်မင်းသမီးလေး ဝတ်မှုံရွှေရည်ရဲ့အလှ

အနုပညာ

ဆယ်ကျော်သက်အရွယ်က မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လတို့ကြောင့် အခုချိန်မှာတော့ ပြိုင်စံရှား ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆု (၂) ဆုကို ရရှိပိုင်ဆိုင်ထားပြီး ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေအထိပါ ကျော်ကြားအောင်မြင်သူလေး ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၆) ရက်နေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Creative Academy Award 2019 ဆုပေးပွဲကြီးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က တိုင်းတစ်ပါးသားတွေတောင် ချီးကျူးရတဲ့အထိ ခမ်းနားစွာလှနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က သူမတက်ရောက်ခဲ့တဲ့ Asian Creative Academy Award ပွဲအခမ်းအနားမှ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။ “Asian Creative Academy Award Gala Night လေးကိုတက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

“အခုလို နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံက ရုပ်ရှင်ကား နဲ့ အနုပညာရှင်တွေကို ‌ဆုရွေးချယ်ပေးအပ်ခဲ့တဲ့အတွက်လည်း အရမ်းပျော်မိပါတယ်။ ဒီပွဲမှာ ကစ်တို့ ရဲ့ လိပ်ပြာစံအိမ် The Only Mom ကားက Regional အဆင့်မှာ ဆု 6 ဆု ရရှိခဲ့တယ်။”

“Gala Night မှာ သမီးလေးပြည့်ပြည့် ကတော့ Best Supporting Actress Role ကို ထပ်မံရရှိခဲ့ပါတယ်။ အမှတ်တရကတော့ ဒီဇာတ်ကား မှာ သမီးရင်းခြားလို သရုပ်ဆောင်ခဲ့တဲ့ ပြည့်ပြည့်လေးအတွက် ဆုကို ကစ်က Stage ပေါ်ကနေ ဖွင့်ဖောက်‌ကြော်ငြာပေးခဲ့ရ ခြင်းပါပဲ။ Congratulation again ပါ သမီးလေးပြည့်ပြည့် ရေ ၊🎉🎉🎉”

“ပွဲရဲ့အဆုံးသတ်လေးမှာတော့ ကစ်တို့ Asian တဝှမ်းက အနုပညာရှင် တွေအ ချင်းချင်းရင်းနှီး စွာနဲ့ After Party ‌လေးနဲ့အ‌ဆုံးသတ်ခဲ့ ကြပါတယ်။” ဆိုပြီး အမှတ်တရတွေကို ပြောပြလာပါတယ်။

ဝတ်မှုံရွှေရည်ကတော့ နိုင်ငံတကာက အနုပညာရှင်၊ အတတ်ပညာရှင်တွေ စုံညီကြတဲ့ပွဲမှာ မရိုးလွန်း၊ မဆန်းလွန်းတဲ့ ဖက်ရှင်လေးနဲ့ ခမ်းနားလှပစွာ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး