ချစ်စရာကောင်းပြီးဆွဲဆောင်မှုအပြည့်ရှိတဲ့ မြေးမချောချောလေးကိုထပ်မံထုတ်ပြလိုက်တဲ့ ဝါဝါဝင်းရွှေ

အနုပညာ

ဒီရက်ပိုင်းမှာတော့ မင်းသမီး၊ဒါရိုက်တာ၊စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဝါဝါဝင်းရွှေရဲ့မြေးမချောချောလေးတွေဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သူတို့ကတော့ ပုရိသားတွေကြားမှာနာမည်ကြီးနေတာပါ။ချစ်စရာကောင်းတဲ့ မြေးမလေးနှစ်ဦးကတော့ မင်းသမီးလေးတွေအဖြစ်အနုပညာလောကမှာ နေရာရလာလိမ့်မယ်လို့လည်း ပရိသတ်တွေကထင်ကြေးပေးနေကြတာပါ။

ဝါဝါဝင်းရွှေကတော့ မြေးမလေးနှစ်ဦးသာမက ဆွဲဆောင်မှုအပြည့်နဲ့လှပတဲ့မြေးမချောချောလေးရှိသေးတယ်ဆိုတာကိုထပ်ပြီးတော့ ပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။ဒီမြေးမလေးကတော့ လက်ရှိရုံတင်နေတဲ့ ယူရီ ဆိုတဲ့ ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး ဝင်ဒီထက် ဖြစ်ပါတယ်။သူမကတော့ အနုပညာမျိုးဆက်သစ်ပီသစွာ ယူရီဆိုတဲ့ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ်ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့ပါတယ်။

ဝင်ဒီကတော့ နိုင်ငံရပ်ခြားမှာကြီးပြင်းလာတဲ့မြန်မာမလေးဖြစ်သလို ဘော်စတွန်မှာရှိတဲ့ Northeastern University မှာတက်ရောက်ပညာသင်ကြားနေသူလေးဖြစ်ပါတယ်။မြန်မာနိုင်ငံကိုပြန်လာတုန်းမှာ ဒီဇာတ်ကားလေးကိုရိုက်ကူးခဲ့တာဖြစ်ပြီး အခုလိုရုံတင်တဲ့အချိန်မှာ ကောင်းမွန်တဲ့မှတ်ချက်တွေရနေတာလည်းဖြစ်ပါတယ်။ချစ်စရာကောင်းသလို ဆွဲဆောင်မှုရှိတဲ့အလှတွေနဲ့မြေးမချောလေး ဝင်ဒီကို ဝါဝါဝင်းရွှေကတော့ ထုတ်ပြလိုက်ပါပြီ။