ရေကူးဝတ်စုံလေးဝတ်ထားပြီး မော်ဒယ်လ်တွေလိုမျိုး အိုင်တင်အလန်းစားနဲ့ပိုစ့်ပေးကြမ်းနေတဲ့ မဒီလေး

အနုပညာ

ပရိသတ်ကြီးရေ မင်းသမီးချောတစ်လက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ သမီးလေးသုံးယောက်ကိုမွေးဖွားပြီး‌တာတောင် နုပျိုလှပနေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ချစ်ဇနီးကိုစိတ်ချမ်းသာအောင်ထားပေးတာကြောင့် နန္ဒာလှိုင်က ပိုပိုပြီးနုပျိုလှပကာ ပရိသတ်တွေကတောင်ချီးကျူးရပါတယ်နော်။

နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေနဲ့အဆက်မပြတ်သွားဘဲ ချစ်ခင်အားပေးမှုတွေကိုလည်းရရှိနေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့သမီးသုံးယောက်ကလည်း အမေတူလေးတွေဖြစ်လို့ ပရိသတ်တွေကချစ်ကြပါတယ်နော်။သမီးသုံးယောက်လုံးက သွက်သွက်လက်လက်နဲ့ ထက်မြက်တဲ့ကလေးတွေဖြစ်ကြပါတယ်။

နန္ဒာလှိုင်က သမီးတွေကိုလည်းအကောင်းဆုံးပြုစုပျိုးထောင်ပေးပြီး အနီးကပ်စောင့်ရှောက်ပေးတာကြောင့် သမီးလေးတွေက ထူးချွန်ထက်မြက်ကြပါတယ်။အထွေးဆုံးလေးမဒီလေးကတော့ အငယ်ဆုံးလေးလည်းဖြစ်သလို အတတ်လေးလည်းဖြစ်လို့ ပရိသတ်တွေကပိုချစ်နေရတာပါ။အခုဆိုရင်လည်း မဒီလေးက ရေကူးဝတ်စုံလေးဝတ်ထားပြီး မော်ဒယ်လ်အရှုံးပေးရလောက်မယ့်အိုင်တင်နဲ့အရမ်းချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။