အနုပညာသမားဖြစ်တာကြောင့် မွေးနေ့မှာတောင် မိသားစုနဲ့ အတူမရှိနိုင်ခဲ့ဘူးဆိုတဲ့ မင်းရာဇာ

အနုပညာ

မင်းရာဇာကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ တစ်ခေတ်တစ်ခါက တော်တော်လေးကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသားတစ်လက်ပါ။အခုနောက်ပိုင်းမှာတော့ မင်းရာဇာဟာ အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာလုပ်ဆောင်နေတာကို တွေ့ရပါတယ်။တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသပြီး ဆွဲဆောင်မှုအပြည့်ရှိလှတာကြောင့် တရုတ်နိုင်ငံကရိုက်ကူးတဲ့ “Line Walker 2″ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ခွင့်ရရှိပြီး သရုပ်ဆောင်ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ဒီဇင်ဘာလ (၁၇)ရက်နေ့လေးကတော့ မင်းရာဇာရဲ့ မွေးနေ့ရက်မြက်လေးပဲဖြစ်ပါတယ်။မင်းရာဇာကတော့ မွေးနေ့လေးမှာတော့ ရိုက်ကူးရေးတွေနဲ့ ခရီးထွက်နေရတာကြောင့် မိသားစုတွေနဲ့ အတူတူမရှိနေနိုင်တာကို စိတ်မကောင်းဖြစ်နေတာဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း “မွေးနေ့မှာ မိသားစုနဲ့ခွဲပြီး ခရီးထွက်ခဲ့ရတယ်။အနုပညာသမားလုပ်မယ်ဆိုရင် ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးတယ်ဆိုတာတကယ်ပါ။နားလည်ပေးတဲ့ ချစ်ဇနီးလေးကိုသိပ်ကျေးဇူးတင်မိတယ်။”လို့ ဖော်ပြထားတာပါ။

မွေးနေ့ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။မင်းရာဇာက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ပရိသတ်တွေကိုလည်း မိသားစုတွေကို အချိန်ပေးနိုင်ကြဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ မင်းရာဇာရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦး။