ခရစၥမတ္အက်ႌေလးဝတ္ဆင္ကာ မေမေအသည်းယားရလောက်အောင် ချစ်စရာကောင်းလွန်းနေတဲ့ Treasure လေး

အနုပညာ

သီချင်းလေးတွေကို ပရိသတ်တွေနားထဲထိစွဲနေအောင် သီဆိုနိုင်သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပါ။ ဒီးဒီဟာ မြန်မာနိုင်ငံမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အောင်မြင်မှုတွေများစွာ ရရှိနေသူတစ်ယောက်ပါ။ လတ်တလောမှာလည်း သီချင်းအသစ်တွေ လုပ်နေတာပါ

အဆိုတော်စန္ဒီမြင့်လွင်ဟာ သာယာကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ပါ။ သူမရဲ့သမီးလေးဟာလည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ သမီးရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိတာပါ။

အခုမှာလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သမီးလေးရဲ့ပုံလေးတွေ တင်ထားတာပါ။ “ Mary’s x mas &Happy new year ကိုမေမေနဲ့ မီးမီးဟော့ဒလိုလေးကြိုဆိုလိုက်ပါတယ်ရှင့်

#treasurelwin #sandymyintlwin #lwinfamily

#5monthsbaby” ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။