ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးတော့မယ့် ဝါဝါဝင်းရွှေရဲ့ မြေးမလေး ဝါရွှေနွယ်သွေးဝင်း

အနုပညာ

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ ဝါဝါဝင်းရွှေကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။မင်းသမီးတစ်ယောက်ဖြစ်တဲ့ အပြင် နောက်ပိုင်းမှာတော့ ဒါရိုက်တာ တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကောင်းကြီးတွေကို ရိုက်ကူးပုံဖော်နေပါသေးတယ်။မကြာသေးမီကလည်း ဝါဝါဝင်းရွှေက သူ့ရဲ့ မြေးမလေးတွေဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့ နှစ်ယောက်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Image result for ဝါရွှေနွယ်သွေးဝင်း

ချစ်စရာကောင်းလှတဲ့ မြေးမလေးနှစ်ယောက်ကလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုကို ရရှိခဲ့ပါသေးတယ်။မြေးမလေး နှစ်ယောက်လုံးကလည်း အနုပညာကို ဝါသနာပါတဲ့ သူတွေပီပီ မြေးအကြီးမလေးဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးတော့မှာပါ။ဝါသွေးတစ်ယောက် ပါဝင်ရိုက်ကူးမယ့် ဇာတ်ကားကြီးကတော့ “ပြောင်းလဲခြင်းနောက်ကွယ်”ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးမှာ Project K၊ ရဲအောင်၊သင်ဇာဝင့်ကျော်တို့ကအဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒီနေ့ ဒီဇင်ဘာလ (၁၈)ရက်နေ့မှာတော့ ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးအခမ်းအနားကြီးကို ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဝါသွေးလေးပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးထွက်လာရင် အားပေးကြပါဦးနော်။