မန္တလေးက မွေးစားအမေဆီ သွားလည်ခဲ့တဲ့ ခြူးလေးရဲ့ချစ်စရာပုံရိပ်တွေ

အနုပညာ

ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ထူးခြားတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အချိန်တိုအတွင်း ရရှိခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးကတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ကာရိုက်တာဝင်အောင် အကောင်းဆုံး သရုပ်ဆောင်တတ်သူတစ်ဦးပါ။ စကားပြောရင်လည်း ပွင့်လင်းတဲ့ ခြူးလေးကတော့ လတ်တလောမှာ မန္တလေးရောက်တုန်း မွေးစားအမေဆီ သွားလည်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မန္တလေးမှာ ပျော်နေတဲ့ ခြူးလေး​ကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် မန္တလေးက မွေးစားအမေဆီ သွားလည်ခဲ့တဲ့ ခြူးလေးရဲ့ချစ်စရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးကတော့ “မန္တလေး ရောက်ရင် မွေးစားအမေဆီ သွားမလည် ရရင်…. အမေချော ရဲ့ အညာမြေ ၂ မှာ ထမင်းသွားမစားရရင် အိပ်လို့ကိုမပျော်ဘူး ဟီး…. အမေချောရဲ့ သမီးလေးနဲ့လည်းတွေ့ခဲ့တယ်….ချစ်စရာ မီးမီးလေး….အားရပါးရ စားထားတဲ့ Video file လေးကိုတော့ မကြည့်ကြနဲ့နော်…. ဗိုက်ဆာ သွားမှာစိုးလို့ပါ 😋😜” ဆိုပြီး သူမရဲ့ မွေးစားအမေဆီ သွားလည်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ခြူးလေးကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲ အသစ်တွေလည်း ထပ်ရိုက်ကူးဖို့ရှိတယ်လို့ သိရပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ဘယ်လိုနေနေ ချစ်ဖို့ကောင်းတဲ့ ခြူးလေးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

မိုမိုလေး