မူးလာကို ဝန်းရံလိုက်တဲ့ အေးမြတ်သူရဲ့ ချစ်စရာ ဗီဒီယိုလေး

အနုပညာ

ပါးချိုင့်လေးနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးအေးမြတ်သူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် Mooler လေးကို ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အားပေးဝန်းရံထားပါတယ်။

မင်းသမီးချောလေး အေးမြတ်သူကတော့ ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ Mooler ရဲ့ ပရိသတ်တွေကိုဖမ်းစားထားတဲ့ သူ့နာမည်လေးကို စနောက်ပြီးလက်တန်းသီဆိုထားတဲ့သီချင်းလေးကို ဟာသပုံစံလေးပြန်ရိုက်ကာ ဝန်းရံထားတာလည်းဖြစ်ပါတယ်။မမြတ်လေးလို့ ပရိသတ်တွေချစ်စနိုးခေါ်တဲ့ အေးမြတ်သူကတော့ အနုပညာလောကကို စတင်ဝင်ရောက်စဉ်ကတည်းက ပရိသတ်ရဲ့လက်ခံအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလည်း အောင်မြင်မှုကို ထိန်းထားနိုင်ဆဲဖြစ်ပြီး အနုပညာအရည်အသွေးပြည့်ဝသူတစ်ယောက်ဖြစ်ပြီး အနုပညာခရီးလမ်းမှာမှတ်တိုင်တစ်ခုအနေနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို “နောက်တွင်ဥဒါန်းတည်စေသတည်း” ဇာတ်ကားကြီးနဲ့ထိုက်ထိုက်တန်တန် ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အနုပညာအလုပ်တွေပဲ လုပ်နေရင်းအချိန်ကုန်နေတဲ့ မြတ်လေးကတော့ အချစ်ရေးကိုလည်း ပရိသတ်ကို ချပြထားခြင်းမရှိသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ဘ၀ကိုအနုပညာအလုပ်တွေနဲ့သာကုန်ဆုံးနေသူပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် Mooler လေးကို ၀န်းရံထားတဲ့ မင်းသမီးချောလေးအေးမြတ်သူ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။