ရသမျှဝင်ငွေတွေကို ပြန်ကန်တော့တဲ့ ချစ်သူလေးကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ စည်ဖြိုး

အနုပညာ

ချိုသာတဲ့ မျက်နှာလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဆွဲဆောင်နိုင်တဲ့ မင်းသားချော စည်ဖြိုးက ရုပ်ရှင်၊ ဇာတ်ကားကြီးတွေကို ရိုက်ကူးရင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စည်ဖြိုးက မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ” ရုပ်သံဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ စည်ဖြိုးက အခုလက်ရှိမှာတော့ ရုပ်ရှင်၊ ဇာတ်လမ်းတွေ ရိုက်ကူးခြင်းအပြင် သီချင်းတွေလည်း သီဆိုနေပြီ ဖြစ်ပါတယ်


ပရိသတ်တွေက စည်ဖြိုးရဲ့ အနုပညာလှုပ်ရှားမှုကိုသာမက သူ့ရဲ့ အချစ်ရေးလေးကိုပါ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ စည်ဖြိုးက ချစ်စရာကောင်းပြီး လှပလွန်းတဲ့ မိန်းကလေး ခင်လွှမ်းနဲ့အတူတူ ပျော်ရွှင်တဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ စည်ဖြိုးက သူ့ရဲ့ အလိုက်သိ၊ လိမ္မာလွန်းတဲ့ ချစ်သူလေး ခင်လွှမ်းအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “ကျာက်မျက် အလုပ်ရယ်၊ အနုပညာ အလုပ်ရယ်၊ ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်။ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..။”


“ကိုယ်ကလည်းဒါတွေအားလုံးဆုပေးထားတာပါ။ ကောင်းကျိုးလိုရာပြည့်စုံပါစေ…။” ဆိုပြီး ချစ်သူလေး ခင်လွှမ်းကို ဆုတွေ အများကြီး ပေးလိုက်ပါသေးတယ်။


စည်ဖြိုးနဲ့ ခင်လွှမ်းကတော့ အိမ်ထောင်မပြုသေးခင် ချစ်သူဘဝမှာကတည်းက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတွေနဲ့ ချစ်ကြတာ အားကျစရာပါပဲနော်။ ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့အတွဲလေးကိုကြည့်ပြီး သဘောကျနေလောက်ပြီ ထင်ပါတယ်နော်
မိုမိုလေး