အကယ်ဒမီဆုပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲကဘယ်သူရရှိမလဲ

အနုပညာ

ဒီတစ်နှစ်အတွက်အကယ်ဒမီဆုပေးပွဲကြီးကျင်းပဖို့နီးကပ်လာပါပြီ။တစ်နှစ်အတွင်းမှာရုပ်ရှင်ဇာတ်ကားများစွာလည်းရုံတင်ခဲ့ပါတယ်။ဒိတ်ဒိတ်ကြဲရုပ်ရှင်မင်းသမီးတွေထဲက ပရိသတ်တွေရင်ခုန်စေမယ့်သူတွေကတော့
(၁) အိန္ဒြာကျော်ဇင်


အိန္ဒြာကျော်ဇင်ကတော့ အနုပညာကဝေဆိုပြီးတင်စားခံရတဲ့သူတစ်ယောက်ဖြစ်သလို အကယ်ဒမီအတွက်ရေပန်းစားနေသူပါပဲ။ဒီတစ်နှစ်မှာတော့ ရိုးမပေါ်ကျတဲ့မျက်ရည် ၊ ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်၊ဟစ်တိုင် နဲ့ BoxNo88 စတဲ့ဇာတ်ကားကောင်းကောင်းတွေ ထွက်ရှိထားတာလည်းဖြစ်ပါတယ်။ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ဒီတစ်နှစ်မှာ အကြမ်းစားသရုက်ဆောင်ချက်တွေနဲ့ အကယ်ဒမီကိုအရယူသွားဦးမလားဆိုတာရင်ခုန်စရာပါပဲ…။

(၂) ဝတ်မှုန်ရွှေရည်

ဒီတစ်နှစ်မှာတော့ ဝတ်မှုန်ရွှေရည်ဟာ Asian Academy Creative Awards မှာ “လိပ်ပြာစံအိမ်” ဇာတ်ကားနဲ့ Regional Winner ဆုချိတ်ထားတာဖြစ်ပါတယ်။ဒီတစ်နှစ်အတွင်းမှာ လုပ်ကွက်ရတဲ့ဇတြက်ားများစွာလည်း ထွက်ရှိခဲ့ပါတယ်။အဲ့ဒီဇာတ်ကားတွေကတော့ ခရေ ၊နှစ်ပတ်အလို နဲ့ ဒဏ္ဍာရီမိုး ဖြစ်ပါတယ်။ဒီဇင်ဘာ(၁၉)ရက်မှာ စတင်ပြသတော့မယ့် “တိမ်တွေပေါ်ကပန်း” ဇာတ်ကားဟာလည်း လူပြောများသလို အင်မတန်ကောင်းမွန်တဲ့ဇာတ်ကားဖြစ်တာကြောင့်အကယ်ဒမီကိုခြိမ်းခြောက်ဦးမလားဆိုပြီး ပရိသတ်တွေကကြိုတင်ခန့်မှန်းနေရတာပါ…။

(၃) ဖွေးဖွေး


ဖွေးဖွေးကလည်းပဲ (၂၀၁၉) ခုနှစ်အတွင်းမှာ ဇာတ်ကားကောင်းများစွာကို ထွက်ရှိထားသူပါ။အဲ့ဒီဇာတ်ကားတွေကတော့ သူစိမ်းအိမ်၊ပပဝတီစီရင်ခန်း၊လှပ်၍လွင့်သောာ၊ကြာတော့သည်လည်းမောင့်စကား စတဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်လွန်းတဲ့ ဖွေးဖွေးဟာလည်း ဒီနှစ်အကယ်ဒမီကို အရယူဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

(၄) သက်မွန်မြင့်

သက်မွန်မြင့်ကတော့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲကတစ်လက်ဆိုသလို ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ပရိသတ်တွေရဲ့အချစ်ကိုအရယူထားနိုင်သူတစ်ယောက်ပါ။ဒီတစ်နှစ်အတွင်းမှာ သက်မွန်မြင့်ဟာ သခင်ကြီးနဲ့ငါးပိတို့စရာ၊ဗိုလ်နေတိုး စတဲ့ဇာတ်ကားတွေထွက်ရှိခဲ့ပါတယ်။ဒီဇင်ဘာ(၂၆)ရက်နေ့မှာရုံတင်မယ့် ချည် ဇာတ်ကားကတော့ ပရိသတ်စိတ်ဝင်စားမှုများစွာရရှိနေသလို အကယ်ဒမီမှန်းခြင်းခံနေရတာလည်းဖြစ်ပါတယ်။ချည် ဇာတ်ကားဟာ ပရိသတ်ခန့်မှနးထားသလို တကယ်ပဲ အကယ်ဒမီဆွတ်ခူးသွားနိုင်လေမလားဆိုတာ ရင်ခုန်စရာပါပဲနော်…