ပြိုင်ပွဲကြီးမပြီးခင်ကတည်းက ဖျော်ဖြေပွဲတွေမှာ သီဆိုဖို့ ကမ်းလှမ်းခံနေရပြီဖြစ်တဲ့ အေးမြဖြူ

အနုပညာ

Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ အိုင်ဒေါပြိုင်ပွဲကြီးမပြီးဆုံးခင်ကတည်းက အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံနေရပါပြီ။လာမယ့် (၂၀၂၀)ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊သဲတောမြို့မှာ ကျင်းပပြုလုပ်မည့်(၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်ဖျော်ဖြေပွဲမှာ အေးမြဖြူက ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲကြီးမှာတော့ ဖြိုးမြတ်အောင်၊မေလသံစဉ်၊J-Fire တို့ကလည်း ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။အေးမြဖြူဟာဆိုရင် ငယ်စဉ်ကလေး ဘဝကတည်းက သီချင်းဆို ပြိုင်ပွဲတွေမှာ သီဆိုယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေများစွာရရှိထားခဲ့တဲ့ သူတစ်ယောက်ပါ။ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ပညာရေးဘက်ကိုသာ ဦးစားပေးလုပ်ကိုင်ပြီးမြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်တာကတော့ အေးမြဖြူရဲ့ ပထမဆုံးအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တာလို့ဆိုရင်လည်း မမှားပါဘူး။

Image result for အေးမြဖြူ

အခုပါဝင်ယှဉ်ပြိုင်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာလည်း Winner ဆုကြီးကို သိမ်းပိုက်ဦးမှာဖြစ်တယ်လို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးပြောဆိုတာကို ခံနေရပြီး Winner ဆုရနိုင်ချေအရှိဆုံးသူတွေထဲမှာ အေးမြဖြူကလည်း တစ်ယောက်အပါအဝင်ဖြစ်တဲ့ အထိကို အရည်အချင်းတွေချပြထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အေမြဖြူလေးကတော့ ပြိုင်ပွဲတောင်မပြီးသေးဘူး အောင်မြင်တဲ့ အဆိုတော်တွေလို ပွဲလေသီဆိုဖို့ ကမ်းလှမ်းခံနေရပါပြီနော်….