Wild Card Winner ရပြီး Myanmar Idol ကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့ တန်ခွန်ကျော်

အနုပညာ

Myanmar Idol Season (4) ပြိုင်ပွဲကြီးက တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိထားတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း တစ်ပတ်ထက်တစ်ပတ် ကြိုးစားလာခဲ့ရာ အခုဆိုရင် Top (4) သာ ကျန်ရှိတော့ပါတယ်။ ပရိသတ်တွေကလည်း သူတို့ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို Vote ပေးရင်း အပြိုင်အဆိုင် အားပေးနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ Myanmar Idol Season (4) (8th Week) ရဲ့ Performance Show ကို ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထူးထူးခြားခြားအနေနဲ့ Wild Card Winner ကလည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Myanmar Idol ရဲ့ Wild Card Winner အဖြစ် ပြိုင်ပွဲကို တဖန်ရောက်ရှိလာတာကတော့ တန်ခွန်ကျော်ပဲ ဖြစ်ပါတယ်။ တန်ခွန်ကျော်က Week (4) မှာတင် အိမ်ပြန်နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

အသံပါဝါ ကြည်လင်ပြတ်သားပြီး သီချင်းဆိုကောင်းတဲ့ တန်ခွန်ကျော် ပြိုင်ပွဲထဲကို ပြန်လည်ခြေချခွင့်ရရှိခဲ့တာ တော်တော်လေး ဝမ်းသာစရာကောင်းလှပါတယ်။

ဒီနေ့ Performance Show မှာတော့ Top (4) နဲ့ Wild Card Winner တန်ခွန်ကျော်က မြန်မာ့ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းတွေနဲ့ ဖျော်ဖြေမှာမို့ အားပေးကြပါဦးနော်။

မိုမိုလေး