(၂၀၂၀)ထိ ဆက်ချစ်ပေးမှာလားလို့ ချွဲချွဲနွဲ့နွဲ့လေးမေးလာတဲ့ သဇင်ထူးမြင့်

အနုပညာ

ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင် ခင်လှိုင်က အနုပညာလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်ခဲ့သူပဲ ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့ သားနဲ့သမီးတွေဖြစ်တဲ့ နေရဲနဲ့ သဇင်ထူးမြင့်တို့ကလည်း အနုပညာလောကထဲကို အသီးသီးဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီ ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး သဇင်ထူးမြင့်ကိုလည်း ပရိသတ်တွေက အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။

အဖေချစ်သမီးလေးတစ်ဦးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး အနုပညာလုပ်ငန်းတွေကို လက်ကိုင်နေပြီး ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးပေးနေလျက်ရှိပါတယ်။

ချစ်စရာကောင်းပြီး အနေအထိုင် သိမ်မွေ့လွန်းတဲ့ သဇင်ထူးမြင့်က ဒီနေ့မှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြထားတာကို တွေ့ရပါတယ်။မိုမိုလေး ပရိသတ်တွေအတွက် သဇင်ထူးမြင့်ရဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

သဇင်ထူးမြင့်က အိချောပိုနဲ့အတူတူ “ဆုံစည်းခွင့်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးပေးခဲ့ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးပေးနေလျက်ရှိတာကို တွေ့ရပါတယ်။

သဇင်ထူးမြင့်ကတော့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာပြီး တကယ့်မင်းသမီးတစ်လက်ပုံစံလေးဖြစ်လာပြီနော်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး