တန်ခွန်ကျော် ကို Wild Card နဲ့ ပြန်လာရအောင် ကိုယ်တိုင် Vote လုပ်ခဲ့တယ် ဆိုတဲ့ ထက်အဉ္ဇလီ

အနုပညာ

မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။ တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် Myanmar Idol Season4 မှ ပြိုင်ပွဲဝင် တစ်ဦး ဖြစ်တံ့ ထက်အဉ္ဇလီ က Wild Card နဲ့ ပြန်လာတဲ့ တန်ခွန်ကျော် အတွက် ကိုယ်တိုင် vote လုပ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmar Idol Season4 ရဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ ဟာဆိုရင် အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့သူလေးပါ သူမက ပြိုင်ပွဲ ကနေ vote အနည်းဆုံးပြိုင်ပွဲဝင် ဖြစ်ခဲ့တာကြောင့် Myanmar idol က နေ နှုတ်ဆက်ထွက်ခွာ ခဲ့ရသူလေးပဲဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ Myanmar Idol Season4 နှုတ်ဆက်ထွက်ခွာ သူတွေထဲမှ ပရိသတ်တွေ ပေးတဲ့ voting စနစ် နဲ့ Wild Card Winnerရွေးချယ်ခဲ့ရာမှာ ပြိုင်ပွဲဝင် တန်ခွန်ကျော် က ရရှိခဲ့တာပါ။

မနေ့ည ပြိုင်ပွဲမှာ တန်ခွန်ကျော် က ပြန်လည်ပါဝင်လာရတာကြောင့် ထက်အဉ္ဇလီ က တန်ခွန်ကျော်အတွက် ဂုဏ်ယူရကြောင်းနဲ့ သူမကိုယ်တိုင်လည်း vote ပေးခဲ့တဲ့ အကြောင်းကို ခုလို ပြောထားပါတယ်။

ထက်အဉ္ဇလီ က “Congratulations ငါ့အကိုရေ…..🤘Voteပေးခဲ့ရကျိုးနပ်ခဲ့ပြီမို့အရမ်းပျော်နေပါပြီနော်😁Fighting Bro💪” ဆိုပြီး ပြောထားပါတယ်။

ပရိသတ်တွေ ကလည်း ထက်အဉ္ဇလီ ပြောထားတဲ့ အကြောင်းကို သိလောက်ပြီထင်ပါတယ်။ ပြိုင်ပွဲက နှုတ်ဆက်ခဲ့ရပေမယ့် နောက်ပိုင်း အဆိုတော် တစ်ဦးအနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်ဦးမယ့် ထက်အဉ္ဇလီကို အားပေးဖို့ မမေ့နဲ့နော်။

မိုမိုလေး