ကြိုးစားပြီး ရိုက်ပေးလိုက်ပေမယ့် ထွက်မလာတဲ့ ဇာတ်ကားတွေကြောင့် စိတ်ပျက်ရတယ် ဆိုတဲ့ သင်ဇာဝင့်ကျော်

အနုပညာ

လက် ဖြစ်သလို အသက်အရွယ်မရွေး ပရိသတ်တွေအားပေး တာခံရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာကို ရဲရဲဝံ့ဝံ့ ချပြလေ့ရှိတဲ့ သင်ဇာဟာ အခုအချိန်အထိလည်း ဝေဖန်သံတွေ ဆူညံစွာခံနေရဆဲ အနုပညာရှင်တစ်ဦး ဖြစ်ပေမယ့် သင်ဇာကတော့ ဝေဖန်သံတွေကို သိပ်ဂရုစိုက်လေ့မရှိပဲ သူမ မြတ်နိုးတဲ့ အနုပညာလမ်းကြောင်းပေါ်မှာပဲ တစိုက်မတ်မတ် လျှောက်နေဆဲပါ။

သင်ဇာဟာ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် မြမြ ဇာတ်ကားမှာလည်း အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီ ဇာတ်ကားကလည်း ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြရတဲ့ ကားတစ်ကားဆိုရင်လည် မမှားပါဘူး။ သင်ဇာက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ လက်ရှိထွက်လာဖို့ရှိတဲ့ ရုပ်ရှင်တွေအကြောင်းနဲ့ ရုပ်ရှင်တွေရိုက်ပြီး နှစ်တွေကြာမှ ထွက်လာလို့ စိတ်ပျက်ရတဲ့ အကြောင်းတွေ ရင်ဖွင့်သွားခဲ့ပါတယ်။

Related image

သင်ဇာက ကားကို သေချာ စနစ်တကျ မောင်းဖို့ ပညာပေး ဇာတ်ကားလေးမှာ ရိုက်ပေးထားပြီး အသိအမှတ်ပြုတဲ့ ဂုဏ်ပြုဆုလေးရလို့ ဝမ်းသာကြောင်း “ဝမ်းသာပါတယ် ဘာပဲဖြစ်ဖြစ် ကိုယ်ကူညီပြီး ရိုက်ပေးလိုက်တာကို သူတို့ဘက်က အသိအမှတ်ပြုပီး ဂုဏ်ပြုဆုလေး ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်လို့” ပြောပြထားတာလည်း တွေ့ရပါတယ်။ သင်ဇာက ညိုမင်းလွင်နဲ့ ရိုက်ထားတဲ့ မြမြဇာတ်ကားမှာ မြမြလို မဖြစ်ဖူးတာကြောင့် သူများတွေကို ကြည့်ပြီး လေ့လာပြီး လုပ်ခဲ့ရတဲ့ အကြောင်းလည်း ပြောပြသွားပါသေးတယ်။

Related image

သင်ဇာက ရိုက်ထားတဲ့ ပညာပေး ဇာတ်ကားလေးကို အားရကြောင်းနဲ့ အချို့ဇာတ်ကားတွေက ရိုက်ပြီး နှစ်ကြာမှ ထွက်လာတာကြောင့် စိတ်ပျက်ရတာတွေ ရှိကြောင်းကို “ပြောလို့ရတယ် အားရတယ်။ ဘာလို့ဆိုတော့ ဇာတ်ကားတိုင်းက အဲ့လိုပဲ ဖြစ်ရမှာလေ။ အချို့ကားတွေဆို လုံးဝအားမရဘူး။ စိတ်တောင်ပျက်တယ်။ ကိုယ်က ကြိုးစားပြီး ရိုက်ပေးလိုက်ပေမယ့် ထွက်တောင်ထွက်မလာဘူးပေါ့နော်။ ဒါကတော့ ပရိုဂျူဆာနဲ့ပဲဆိုင်တယ်။ ကိုယ်နဲ့တော့မဆိုင်တော့ဘူး။ ကိုယ်ကတော့ ကိုယ်လုပ်တဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးတယ်။ သူတို့ ထုတ်တာမထုတ်တာတော့ ကိုယ်နဲ့ မဆိုင်တော့ဘူးပေါ့နော်။ အဲဒါကြောင့်မို့ အချို့ကားတွေဆို သုံးလေးနှစ်ကြာမှ ထွက်လာတဲ့ အခါကျတော့ acting တွေလည်း updae မဖြစ်၊ အဝတ်အစားတွေလည်း update မဖြစ် အဲ့လိုမျိုးတွေ ဖြစ်ကုန်တာ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်”လို့ ရင်ဖွင့်ထားပါတယ်။

Source-ဟီးဟီးဟားဟား