Single လေးတွေကို ရည်းစားမထားပဲ အစားပဲစားပါလို့ တိုက်တွန်းလိုက်တဲ့ ထူးအောင်

အနုပညာ

ကြံခိုင်သန်စွမ်းတဲ့ ခန္ဒာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ထူးအောင်က မိန်းကလေးတွေ သည်းသည်းလှုပ်အားပေးရသူ ဖြစ်ပါတယ်။ ထူးအောင်က အနုပညာလောကမှာလည်း နေရာတစ်နေရာ ရရှိနေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ထူးအောင်က “ပျောက်ဆုံးနေသော အမှန်တရား”၊ “ပုဂံမြို့သူ”၊ “အကြင်နာမြစ်ဖြား” စတဲ့ ဇာတ်လမ်းတွဲမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သလို ရုပ်ရှင်တွေလည်း ရိုက်ကူးနေလျက်ရှိပါတယ်။

ဒီနေ့မှာတော့ ထူးအောင်က ပရိသတ်တွေအတွက် သူ့ရဲ့ အမိုက်စားပုံရိပ်တွေကို ဝေမျှထားပါတယ်။ ပရိသတ်တွေအတွက် ထူးအောင်ရဲ့ ပုံရိပ်တွေကို တစ်ဆင့်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

ထူးအောင်က “ရည်းစားမထားနဲ့။ အစားအစာပဲစား။ အိုကေ🤣” ဆိုပြီး ပရိသတ်တွေကို အရွှန်းဖောက် ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ထူးအောင်က လူကောင်ကြီးကသာ ဟဲဗီးကြီးဖြစ်နေပေမယ့် သူ့ရဲ့ အပြင်ပုံစံကတော့ လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

ထူးအောင်ကတော့ single လေးတွေကို ရည်းစားမထားပဲ အစားပဲစားပါလို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး