အချစ်ရေးနဲ့ပတ်သတ်တဲ့ ခံစားချက်တစ်ချို့ကို ထုတ်ပြောလာတဲ့ မိုးအောင်ရင်

အနုပညာ

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော်ကြီး အောင်ရင်ရဲ့ သား မိုးအောင်ရင်ကတော့ အဖေနဲ့တူလို့ အနုပညာပါရမီ အပြည့်အဝပါသူတစ်ဉီးပဲ ဖြစ်ပါတယ်။ အနုပညာလောကကနေ ခဏတာ အနားယူခဲ့ရတဲ့ မိုးအောင်ရင်ကတော့ လက်ရှိမှာ ဘဝကို အကောင်းဆုံး ရှေ့ဆက်နေပြီး၊ အနုပညာအလုပ်တွေလည်း အနည်းငယ်ပြန်လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို ထုတ်ပြောလေ့မရှိတဲ့ မိုးအောင်ရင်ကတော့ လတ်တလောမှာ ရင်ထဲက ခံစားချက်တစ်ချို့ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ရင်ထဲကို ထိစေတဲ့ မိုးအောင်ရင်ရဲ့စာလေးကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် အချစ်ရေးနဲ့ပတ်သတ်တဲ့ ခံစားချက်တစ်ချို့ကို ထုတ်ပြောလာတဲ့ မိုးအောင်ရင်ရဲ့အေ ကြာင်းကို ​ဖော်ပြ​ပေးလိုက်ပါတယ်​နော်။

မိုးအောင်ရင်ကတော့ “နာကျင်ခံစားရတာတွေကို ထုတ်မပြတတ်ဘူး… မင်းပျော်သလို ငါပျော်ပေမဲ့… ငါခံစားရသလို မင်းကိုမခံစားစေချင်ဘူး..” ဆိုပြီး အချစ်ရေးနဲ့ပတ်သတ်တဲ့ ခံစားချက်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ ခရီးတွေဆက်တိုက်ထွက်ဖြစ်နေတဲ့ မိုးအောင်ရင်ကတော့ မိသားစုရဲ့ အုပ်ထိန်းမှုအောက်မှာ တည်ငြိမ်အေးချမ်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အချစ်ရေးခံစားချက်တွေကို ထုတ်ပြောလာတဲ့ မင်းသားချောလေး မိုးအောင်ရင်ကိုအားပေးရင် Share သွားကြဖို မမေ့ပါနဲ့နော်။

မိုမိုလေး