သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးရဲ့မင်္ဂလာသက်တမ်း(၂)နှစ်ပြည့်အပျော်လေးတွေကို ပြန်လည်မျှဝေခဲ့တဲ့ မြတ်ရတနာကျော်

အနုပညာ

ထူးထူးခြားခြားချစ်စရာကောင်းလွန်းတဲ့အလှကိုပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးမြတ်ရတနာကျော်ကတော့ ချစ်ရသူနဲ့ရွှေလက်တွဲခဲ့တာ(၂)နှစ်တောင်ရှိခဲ့ပါပြီ။မြတ်ရတနာကျော်ဟာ မင်းသမီးအနေနဲ့အနုပညာအလုပ်တွေများစွာမလုပ်ခဲ့ပေမဲ့ ပရိသတ်တွေချစ်ခဲ့ရတဲ့မင်းသမီးလေးလည်းဖြစ်ပါတယ်။သူကတော့ အဆိုတော်၊စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ အာဘွိုင်းနဲ့လက်ထပ်ထားပြီး သမီးလေးတစ်ယောက်ကိုရရှိနေပြီလည်းဖြစ်ပါတယ်။


သမီးလေးစကားလက်ဖြိုးထွန်းနဲ့အတူရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကိုမကြာခဏတင်လေ့ရှိသလို ခရီးသွားတဲ့အကြောင်းတွေကိုလည်း ပရိသတ်တွေကိုပြန်လည်မျှဝေပေးနေတဲ့ Blogger တစ်ယောက်အနေနဲ့လည်းရပ်တည်နေတာပါ။မြတ်ရတနာကျော်ကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးစတင်ရာ အမှတ်ရစရာနေ့စွဲလေးဟာ (၂)နှစ်ပြည့်ခဲ့ပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။


ဒီနေ့စွဲလေးနဲ့ပတ်သက်ပြီးလည်း “လွန်ခဲ့သော ၂နှစ်က ကျွန်မဘဝရဲ့ ဘုရားပြင်ဆင်ပေးတဲ့ အိမ်ထောင်ရေး ခရီးလမ်းရဲ့ နိဒါန်း ဘုရားရှင်ကိုကျေးဇူးတင်တယ် သာယာတဲ့အိမ်ထောင်ရေးဖြစ်တယ့် အတွက် သာ၍သမီးရဲ့ အိမ်ထောင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ထားရှိတဲ့ မေတ္တာ တွေ နားလည်မှုနဲ့ ချစ်ခြင်းတွေ သခင်ယေရှုနာမ ဖြင့် သာ၍တိုးပွါးစေပါ” လို့ ရေးသားထားပြီး မင်္ဂလာပွဲကအမှတ်တရပုံတွေကိုတင်ထားခဲ့ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့စုံတွဲ (၂)နှစ်ပြည့်မင်္ဂလာရက်မြတ်မှသည် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သာယာတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ…