မင်္ဂလာသက်တမ်း ၂နှစ်ပြည့်သွားပြီဖြစ်တဲ့ အာဘွိုင်း နဲ့ မြတ်ရတနာကျော်

အနုပညာ

ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အဆိုတော် အာဘွိုင်း နဲ့ မြတ်ရတနာကျော် တို့ ဇနီးမောင်နှံဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေပါ။ အာဘွိုင်းတို့ဇနီးမောင်နှံမှာ ဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးကို လည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုလေးနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်၊၊ ဒီတစ်ခါမှာတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော် တို့ရဲ့ အိမ်ထောင်သက် ၂နှစ်ပြည့်မှ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အာဘွိုင်းတို့ဇနီးမောင်နှံက သူတို့မိသားစု ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။

အာဘွိုင်းယောကျာ်းပီသပြီး ရုပ်ရည်ချောမောသလို၊ မြတ်ရတနာကျော်ကလည်း တစ်သားမွေးတစ်သွေးလှ ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားသူပါ။

အာဘွိုင်း က လက်ရှိမှာ ချစ်ဇနီးလေးမြတ်ရတနာကျော် နဲ့အတူ Blogger အလုပ်ကို လုပ်ကိုင်နေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ မြတ်ရတနာကျော် က ” မင်္ဂလာဆောင်တာ ၁နှစ်ပြည့် Anniversary တုန်း က Scarlett လေး ရက်၁၀၀ပြည့်နဲ့ တစ်ရက်တည်း 💕
ဒီနှစ် ၂နှစ်ပြည့် Anniversary ကတော့ ရိုးရှင်းစွာ ပဲ မိသားစုနဲ့ 💕ယောကျာ်း စီစဉ် ထားတဲ့ လက်ဆောင်လေးတွေ suprise အချို့ ကတော့ မထင်မှတ်ပဲ လုပ်ထားပေးတာကြောင့် ကျေးဇူး တင်ပါတယ် ကိုကြီးကျော်ရေ 💕ရှင့်ကို ကျုပ်ချစ်တယ်နော်♥️ (ကိုကျော်ဖြိုးထွန်း စကားလုံး အား ကိုအာဘွိုင်း လေသံ ဖြင့်ပြောသည် 🤣) ” ဆိုပြီးပြောထားပါတယ်။

အာဘွိုင်း တို့ မိသားစုရဲ့ ကြည်နူးစရာ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

အာဘွိုင်းတို့မိသားစု ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး