ကျင့်ဝတ်နှင့်ဥပဒေချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရေးနှင့် ဗစ်တိုးရီးယားအတွက်လူထုဆန္ဒပြပွဲ ရန်ကုန်တွင် ယနေ့ ပြုလုပ်ပြီး မန္တလေးတွင် မနက်ဖြန် ပြုလုပ်မည်

သတင်း

ကျင့်ဝတ်နှင့်ဥပဒေချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရေး ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေး ဆန္ဒပြပွဲကို ရန်ကုန်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Image may contain: 2 people, outdoor

မန္တလေးတွင်လည်း ဗစ်တိုးရီးယားအတွက် အမှန်တရား ဖော်ထုတ်နိုင်ရေးကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ဆန္ဒပြမည်ဖြစ် ကြောင်း သိရှိရသည်။ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပ၍ ရဲတပ်ဖွဲ့က တရားခံဟု စွပ်စွဲထားသူ အောင်ကြီးကို တရားရုံးက လွှတ်ပေးမှု စောလွန်းကြောင်း၊ ဗစ်တိုးရီးယားအမည်၊ မိဘအမည်၊ နေရပ်လိပ်စာ၊ အလုပ်အ ကိုင်တို့ကို အတိအကျ ထုတ်ပြန်ခဲ့ပြီး အမှုနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကိုလည်း ရဲဇာနည်လူမှုကွန် ရက်စာမျက်နှာပေါ်တင်၍ ထုတ်ပြန်ခဲ့သည်။

Image may contain: text

ထိုသို့ ထုတ်ပြန်မှုသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း ဥပဒေပညာရှင်ထောက်ပြ ပြောဆိုထားသော်လည်း ယခုအချိန်အထိ အစိုးရနှင့် ရဲတပ်ဖွဲ့ဘက်က တစ်စုံ တစ်ရာ အရေးယူခြင်း၊ တုံ့ပြန်ကြေညာချက်ထုတ်ပြန်ခြင်းမရှိပေ။

Image result for ဗစ်တိုးရီးယား

Source-MON