ကျော်ကြားထင်ရှား ထူးချွန်တဲ့ မကွေးတိုင်းသားများ စာရင်းမှာထည့်သွင်းခြင်းခံရတဲ့ နေထူးနိုင်

အနုပညာ

နေထူးနိုင်ကတော့ ဗွီဒီယိုလောကရဲ့ကျော်ကြားတဲ့မင်းသားတစ်လက်လို့ဆိုရမှာပါ။ ဗွီဒီယိုဇာတ်ကားပေါင်းများစွာကို ထွက်ရှိထားပြီး အများနဲ့မတူတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိလာသူတစ်ယောက်ပါ။ ဇာတ်ကားတစ်ခုနဲ့တစ်ခု မထပ်အောင် မတူညီတဲ့ကာရိုက်တာတွေ ရွေးချယ်ပြီး ပရိသတ်ကို အမြင်တစ်မျိုးဆန်းအောင်ပြုလုပ်နိုင်တာကလည်း နေထူးနိုင်ရဲ့အားသာချက်တစ်ခုလို့ ဆိုရမှာပါ။

 

ဗွီဒီယိုဈေးကွက်ပျက်လာတဲ့အချိန်မှာလည်း ကိုယ်တတ်စွမ်းတဲ့ဘက်ကနေပြီးတော့ ပြန်လည်နလန်ထူနိုင်အောင် ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဇနီးဖြစ်သူ မြသင်းချယ်နဲ့အိမ်ထောင်သက်တမ်းဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဝါသနာရှင်မျိုးဆက်သစ်လူငယ်တွေကို ငွေကြေးကုန်ကျခံစရာမလိုဘဲ မြေတောင်မြှောက်ပေးပြီး ဗွီဒီယိုဇာတ်ကားရိုက်ကူးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗွီဒီယိုလောကအသင်းအဖွဲ့သားတွေကိုလည်း တတ်နိုင်တဲ့ဘက်က ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 

ဗွီဒီယိုလောကမှာအောင်မြင်ကျော်ကြားပြီး ကိုယ့်ပတ်ဝန်းကျင်ကောင်းစားရေးပါ ရှေးရှုတဲ့နေထူးနိုင်ကတော့ ရေနံချောင်းသားတစ်ယောက်ဖြစ်တာမို့ မကွေးတိုင်းဒေသကြီးရဲ့ ထင်ရှား၊ကျော်ကြား သူများစာရင်းမှာ ထည့်သွင်းခြင်းခံရတာပါ။ မကွေးတိုင်းဒေသကြီးကတော့ အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာစတဲ့ အနုပညာနယ်ပယ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့လူတွေများစွာကို မွေးထုတ်ပေးရာနေရာလို့ဆိုရမှာပါ။ အထူးသဖြင့် စာရေးဆရာ၊ဆရာမပေါင်းများစွာ မွေးဖွားခဲ့ပြီး ရုပ်ရှင်အနုပညာနယ်ပယ်ထဲမှာဆိုရင်တော့ ဆရာအော်ပီကျယ်၊ ဗညားဟန်၊မာရဇ္ဇ၊ နီနီဝင်းရွှေတို့နဲ့အတူ နေထူးနိုင်ကလည်း ပါဝင်ထည့်သွင်းခြင်းခံခဲ့ရတာမို့ နေထူးနိုင်အတွက်တော့ ဂုဏ်ယူစရာတစ်ခုပါပဲနော်။