သားနဲ့သမီးကို တစ်ဖက်စီထွေးပွေ့ပြီး ပီတိတွေခံစားနေတဲ့ မေမေ သဉ္ဇာနွယ်ဝင်း

အနုပညာ

လူကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေး သဉ္ဇာနွယ်ဝင်းက အားပေးသူပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ သူမရဲ့အကြောင်းတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတုန်းပါပဲ။

သဉ္ဇာနွယ်ဝင်းက သူမရဲ့ခင်ပွန်း ကိုလှမျိုးမြင့်နဲ့ (၂၀၁၇) ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီပဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၉) ရက်နေ့ကမှ သူမရဲ့ ဒုတိယမြောက်သမီးလေး သဉ္ဇာမျိုးမြင့်ကို မွေးဖွားခဲ့တာဖြစ်ပြီး လသားအရွယ်သမီးလေးကို ချစ်မဝနိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက သားကြီး ကျော်မျိုးမြင့် @ Peach Lay နဲ့ သမီးငယ်လေး သဉ္ဇာမျိုးမြင့်ကို ရင်ခွင်ထဲ ထွေးပွေ့ထားပြီး ပီတိဖြစ်နေတဲ့ သူမရဲ့ ပုံရိပ်လေးကို မျှဝေပေးထားတာပါ။

သဉ္ဇာနွယ်ဝင်းကတော့ သူမကို အလိုလိုက်၊ ဂရိုစိုက်ပြီး နားလည်မှုရှိတဲ့ ခင်ပွန်း၊ အရုပ်လေးတွေလို ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့ အမျိုးသမီးလေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့ မိသားစုပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

မိုမိုလေး