နိုင်ငံကျော်အဆိုတော် မီးမီးခဲ ကိုယ်တိုင်ရေးစပ်ပေးထားတဲ့ ဘီလီလမင်းအေးရဲ့ သီချင်းသစ်လေး

အနုပညာ

မြန်မာအိုင်ဒေါ Season (2) ရဲ့ First Runner Up ဆုရှင် ဘီလီလမင်းအေးကတော့ ဒီဇင်ဘာလရဲ့ အထင်ကရနေ့ တစ်နေ့ဖြစ်တဲ့ ခရစ်စမတ်နေ့လေးမှာတော့ “ငါ့ချစ်သူရဲ့မွေးနေ့” သီချင်းလေးကို “Merry Christmas to you all. ငါ့ချစ်သူရဲ့မွေးနေ့သီချင်းလေးကိုအားလုံးအတွက် ဖူးတင်ပေးလိုက်ပီနော်။ အားလုံးပဲပျော်ရွှင်ကြပါစေနော်။ ချစ်သူတွေအားလုံးလည်းပျော်ရွှင်ကြပါစေနော်။” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီသီချင်းလေးကတော့ ကိုယ့်ချစ်သူရဲ့မွေးနေ့လေးမှာ အပျော်ဆုံးဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်က ချစ်သူအတွက် Surprise ပါတီလေးပြုလုပ်ပေးချင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ရေးဖွဲ့ထားတာမို့ နားထောင်သူတိုင်း ရင်ကိုနွေးထွေးစေမှာအမှန်ပါ။ဒါအပြင် “ငါ့ချစ်သူရဲ့မွေးနေ့” သီချင်းလေးကိုတော့ တစ်ခေတ်တစ်ခါကတည်းက နာမည်ကြီးလူကြိုက်များပြီး အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုလေ့ရှိတဲ့ နိုင်ငံကျော်အဆိုတော်မီးမီးခဲ ကိုယ်တိုင်ရေးစပ်ထားတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒီဇင်ဘာလရဲ့ အထင်ကရနေ့ တစ်နေ့ဖြစ်တဲ့ ခရစ်စမတ်နေ့လေးမှာ နားထောင်သူတိုင်း ရင်ကိုနွေးထွေးစေမည့် နိုင်ငံကျော်အဆိုတော် မီးမီးခဲ ကိုယ်တိုင်ရေးစပ်ပေးထားတဲ့ ဘီလီလမင်းအေးရဲ့ “ငါ့ချစ်သူရဲ့မွေးနေ့” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ဘီလီလမင်းအေးရဲ့သီချင်းလေး နားထောင်ပြီးရင် မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။