အင်္ကျီဆင်တူဝတ်ကြပြီး ခရစ္စမတ်သစ်ပင်ကြီးနဲ့အတူနှစ်သစ်ကိုကြိုဆိုလိုက်တဲ့ သဉ္ဇာနွယ်ဝင်းတို့သားအမိတွေ

အနုပညာ

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကတော့ အခုချိန်မှာအနုပညာအလုပ်တွေမလုပ်တော့ဘဲ ချစ်ရတဲ့မိသားစုနဲ့သာပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။သဉ္ဇာနွယ်ဝင်းရဲ့ခင်ပွန်းကလည်း ဇနီးသည်ကိုစိတ်ချမ်းသာအောင်ထားပြီး လိုလေသေးမရှိအောင်ဂရုစိုက်ပေးတဲ့အပြင် အချိန်တွေမအားလပ်ပေမယ့်လည်း ချစ်ဇနီးနဲ့က‌လေးနှစ်ယောက်ကို ကြင်နာယုယမှုတွေပေးပါတယ်နော်။

သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးက အရမ်းနွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်လို့ ပရိသတ်တွေကလည်း အားကျပြီးချစ်နေရတာဖြစ်ပါတယ်နော်။မေမေသဉ္ဇာနွယ်ဝင်းကတော့ ကလေးနှစ်ယောက်မွေးဖွားထားတာတောင် အလှတွေနည်းနည်းမှမလျော့သွားဘဲ ပိုပိုပြီး ချစ်ဖို့ကောင်းလာတာကိုတွေ့ရပါတယ်နော်။

သဉ္ဇာနွယ်ဝင်းရဲ့သမီးငယ်လေးကတော့ တစ်လမပြည့်သေးပေမယ့်လည်း ဖြူဖြူဖွေးဖွေးလေးနဲ့အရမ်းချစ်စရာကောင်းပါတယ်။အခုဆိုရင်တော့ သဉ္ဇာနွယ်ဝင်းတို့သားအမိသုံးယောက်က အင်္ကျီအနီရောင်လေးတွေဆင်တူဝတ်ပြီး ခရစ္စမတ်သစ်ပင်ကြီးနဲ့အတူ ခရစ္စမတ်ကိုကြိုဆိုကြတဲ့ ပုံရိပ်လေးတွကိုမျှဝေလာတာဖြစ်ပါတယ်နော်။