သရုပ်ဆောင်နဲ့အဆိုတော် ချစ်သုဝေတို့ရဲ့ ချစ်စရာမိသားစုလေးကတော့ ဒီနှစ်ရဲ့ ခရစ်စမတ်လေးကို မိသားစုလေးယောက်လုံး အကျီဆင်တူလေးတွေဝတ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။
ခေတ်လေးနဲ့သစ်လေးတို့ကလည်း ဖေဖေ၊ မေမေတို့နဲ့ဆင်တူလေးဝတ်ထားပြီး အရမ်းကို ချစ်ဖို့ကောင်းနေကြတာပါ။
မေမေချစ်သုက ခရစ်စမတ်နေ့လေးမှာ ခေတ်လေးနဲ့ သစ်လေးအရမ်းကြိုက်တဲ့ ကိတ်အချိုမုန့်လေးကို စားခွင့်ပြုခဲ့ပြီး ကိတ်လေးကလည်း ခေတ်လေးနဲ့ သစ်လေးအရမ်းကြိုက်တဲ့ မစ်ကီမောက်စ်ပုံလေးတွေနဲ့ ပြုလုပ်ထားပါတယ်။
ပရိသတ်တွေအားကျရတဲ့ သူတို့မိသားစုလေးရဲ့ ခရစ်စမတ်ဖြတ်သန်းမှု ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source-Cele Star