ဖေဖေပြန်လာမယ့်အချိန်ကို ခရစ္စမတ်လက်ဆောင်‌လေးနဲ့အတူစောင့်မျှော်နေကြတဲ့ နိုင်းနိုင်းရဲ့သားသမီးတွေ

အနုပညာ

သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်အခါတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ ရူပကတော့ အရမ်းဖြောင့်ပြီး ခန့်ညားလွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပါပဲနော်။နိုင်းနိုင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီ မိသားစုရှိတဲ့နိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်နေပါတယ်။

နိုင်းနိုင်းက ချစ်စရာ သားသားမီးမီးလေး ၄ယောက်ကို ပိုင်ဆိုင်ထားပြီး သိုက်သိုက်ဝန်းဝန်းနဲ့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နိုင်းနိုင်းက ဇနီးသည်နဲ့ကလေး ၄ ယောက်ကို အရမ်းချစ်လို့ အစစအရာအရာ လိုလေသေး မရှိအောင် ဂရုစိုက်ပြီး ပံ့ပိုးနေတဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

လက်တလောမှာဆိုရင်တော့ နိုင်းနိုင်းကမြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာပါ။နိုင်းနိုင်းက မကြာခင်မှာမိသားစုဆီပြန်တော့မှာဖြစ်ပြီး ကလေးလေးလေးယောက်ကလည်း ခရစ္စမတ်လက်ဆောင်လေးနဲ့အတူ ဖေဖေပြန်အလာကိုစောင့်နေကြတဲ့ချစ်စရာပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။