အင်္ကျီဆင်တူနဲ့ Pose တူတူပေးပြီးသမီးလေးနဲ့ ဓာတ်ပုံအတူ ရိုက်ခဲ့ကြတဲ့ ခိုင်နှင်းဝေ တို့သားအမိ

အနုပညာ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေက နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး တို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်ရဲ့ သွေးသားအရင်မဟုတ်ပေမယ့် သူမရဲ့ ဂေဟာ ရောက်လာတဲ့ သားသမီးတွေကို မိခင်အရင်းလို ပြုစုနေတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။

ဒီတစ်ခါမှာလည်း ဓါတ်ပုံရိုက်ရင် အမေပဲများသလို ဆင်တူ အောင်လုပ်တတ်နေပြီ ဖြစ်တဲ့ သမီးလေး ရွန်းရတီခိုင်နဲ့ သူမ တို့ရဲ့ ပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ဖော်ပြထားပါတယ်။

ခိုင်နှင်းဝေ က ” ခရီးထွက်ရင် မမရွှန်းရွှန်းနဲ့ ဆင်တူလိုက်ဝတ်ရတဲ့ ကျမပါရှင် ” ဆိုပြီး ပြောထားပါတယ်။

ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့ သမီးလေး တို့ရဲ့ ပုံရိပ်ကလေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး