(၃၂)ကြိမ်မြောက် ရဲဘော်သုံးကျိပ်မိသားစုမိတ်ဆုံစားပွဲကို ဗိုလ်ဇေယျရဲ့မြေးအဖြစ်တက်ရောက်လာခဲ့တဲ့ အိန္ဒြာကျော်ဇင်

အနုပညာ

ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ အနုပညာပါရမီအရမ်းကောင်းလွန်းတာကြောင့် ယနေ့အချိန်ထိတိုင် အောင်မြင်မှုတွေမကျသွားသေးဘဲ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ဟိုးအရင်တုန်းကအတိုင်း နုပျိုတဲ့အလှတရားတွေနဲ့အရမ်းလှနေဆဲဖြစ်ပါတယ်နော်။

အိန္ဒြာကျော်ဇင်က အလုပ်ဆိုလည်းမလစ်ဟင်းသလို သူမရဲ့မိသားစုကိုလည်းသေချာဂရုစိုက်စောင့်ရှောက်ပေးတဲ့အိမ်ရှင်မကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။အူဝဲရဲ့သားနဲ့သမီးကလည်း ချစ်မွှေးလေးတွေပါကြလို့ လူတိုင်းကချစ်ကြပြီး ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်နော်။အခုဆိုရင်တော့ အူဝဲက ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ဗိုလ်ဇေယျရဲ့ မြေးတစ်ယောက်အဖြစ် မိသားစုနဲ့အတူ မိတ်ဆုံစားပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အူဝဲကတော့”ဒီနေ့ “(၃၂)ကြိမ်မြောက် ရဲဘော်သုံးကျိပ်မိသားစုမိတ်ဆုံစားပွဲ” မှာ ဖိုးဖိုး ဗိုလ်ဇေယျရဲ့ မိသားစုဝင်အဖြစ်တက်ရောက်ခဲ့ပါတယ်… အမေစုလဲ ရဲဘော်သုံးကျိပ် မိသားစုဝင်အနေနဲ့ တက်လာတဲ့အတွက် အမှတ်ရစရာနေ့လေးတနေ့ဖြစ်ခဲ့ပါတယ်”ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမျှဝေလာခဲ့တာဖြစ်ပါတယ်။