တီတီစိုးမြတ်နန္ဒာလက်ကမချချင်ရလောက်အောင်အသည်းယားပြီးချစ်စရာကောင်းလွန်းနေတဲ့Liamလေး

အနုပညာ

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်ရုံသာမကဘဲ ချစ်စရာကောင်းတဲ့ သားလေးကိုပါရရှိပိုင်ဆိုင်ထားသူကတော့ ယွန်းဝတီလွင်မိုးပါ။ သူမရဲ့ သားလေးဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းဘဲနဲ့ပြည့်စုံသူတစ်ယောက်ပါ။ လီလီလုံးလေးကို ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ဝိုင်းပြီး ချစ်နေရတာပါ။

လီလီလုံးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေနေ့တိုင်းစောင့်မျှော်ရလောက်အောင်ကို အသည်းယားပြီး ချစ်စရာကောင်းလွန်းတာပါ။ ဖွားဖွားမေသူကလည်း မြေးလေးရဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေကိုလည်း သူမရဲ့ Facebook အကောင့်မှတစ်ဆင့် မကြာခဏတင်ပေးလေ့ရှိတာပါ။

အခုမှာလည်း ဖွားဖွားမေသူရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတွေတင်ထားတာပါ။ ဒါကတော့ ” December born နှစ်ယောက်မွေးနေ့တွေ့ဆုံပွဲနဲ့ အိမ်လာလည်တဲ့ချစ်သူတွေ” ဆိုပြီးတင်ထားတာပါ။ သားလေးဟာ တီတီစိုးမြတ်နန္ဒာလက်ပေါ်အောင်မချချင်လောက်အောင်ကို အသည်းယားပြီး ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။