ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်လို လန်းနေတဲ့ မြတ်ကေသီအောင်ရဲ့အမိုက်စားပုံရိပ်တွေ

အနုပညာ

လွန်ခဲ့တဲ့ နှစ်တွေက ထူးခြားတဲ့ အလှတရားတွေနဲ့ အနုပညာအရည်အချင်းတို့ကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ မင်းသမီးကြီး မြတ်ကေသီအောင်ကတော့ ဒီနေ့ထိတိုင် လန်းဆန်းလှပနေဆဲပါပဲ။ အမြဲလိုလို အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ မြတ်ကေသီအောင်ကတော့ လတ်တလောမှာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်လို လန်းနေတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မြတ်ကေသီအောင်ကတော့ အမြဲနုပျိုလန်းဆန်းနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အသက်အရွယ်ထက် နှစ်ဆလောက်ပိုနုပျိုတဲ့ မင်းသမီးကြီး မြတ်ကေသီအောင်ရဲ့အလန်းစားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်​ကေသီ​အောင်​က​တော့ “ကိုယ်ဟာဖက်တီးလေးပါ” ဆိုပြီး သူမရဲ့အလန်းစားပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ ဆွဲဆောင်မှုရှိတဲ့ ဂါဝန်လေးနဲ့ လန်းနေတဲ့ မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြည့်လို့မိုက်နေတာပါနော်။

<ငယ်ငယ်ကတည်းက အပြစ်ဆိုစရာမရှိအောင်လှတဲ့ မြတ်ကေသီအောင်ကတော့ အခုလက်ရှိမှာလည်း အရင်အတိုင်း မပြောင်းမလဲ လှနေဆဲပါပဲနော်။<

သရုပ်ဆောင်ပိုင်းမှာ သဘာဝကျ ပီပြင်လွန်းတဲ့ ရုပ်ရှင်သရုပ်ဆောင် မြတ်ကေသီအောင်က​တော့ လတ်​တ​လောမှာ ခရီး​တွေထွက်​ရင်း အနုပညာအလုပ်​တွေလည်း လုပ်​ဖြစ်​နေတယ်လို့ သိရပါတယ်။။ ချစ်ပရိသတ်တွေလည်း မြတ်​ကေသီ​အောင်​ရဲ့ အနုပညာလှုပ်ရှားမှုကို အားပေးပြီး သူမကို ချစ်ပေးကြပါဦးနော်။

မိုမိုလေး