အသက်ကြီးမှ နာမည်ကြီးတယ်ဆိုတဲ့အပေါ် ဝေဖန်လိုက်တဲ့ မအေးသောင်းရဲ့ချစ်သူ

အနုပညာ

အနုပညာ လောကထဲမှာ ခြေချလာတာ ကြာပြီဖြစ်တဲ့ မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ လက်ရှိချိန်ထိကို အားပေးတဲ့ပရိသတ်တွေ များပြားနေပြီး ယခင်ကထက်တောင် ပိုပြီးတော့ အောင်မြင်နေတာ ဖြစ်ပါတယ်။ မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ သူ့ကို ပရိသတ်တွေက လက်ရှိချိန်ထိ Single ဖြစ်နေတယ်လို့ အပြောများတာကြောင့် မကြာသေးမီက ချစ်သူဖြစ်သူကို အရိပ်အမွတ်လေး ပရိသတ်တွေကို ချပြထားတာ ဖြစ်ပါတယ်။

Image result for မအေးသောင်း

မြန်မာဆန်ဆန်လေးနဲ့ အရမ်းကို လှပလွန်းတဲ့ မင်းသမီး အေးဝတ်ရည်သောင်း ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ သူမရဲ့ ပရိသတ်တွေအတွက် အမြဲတမ်းလိုလို ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေနဲ့ ဖျော်ဖြေပေးတတ်ပြီး ဒီဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေမှာလည်း အချစ် အလွမ်း စာသားလေးတွေကို အမြဲလိုလို ထည့်ရေးပြီး တင်တတ်ပါတယ်။ လက်ရှိမှာလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် စာသားလေးကို တင်ထား ပြန်တာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်း ကတော့ သူမရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ “ကိုယ် – ချစ်သူ ပေါက်စီကိုလေ သူများတွေက အဖွားကြီး အသက်ကြီးမှ နာမည်ထကြီးတာလို့ ပြောကြတယ်။ ချစ်သူ – အဲ့ဒါ အိုဇာတာကောင်းတာပေါ့ ချစ်တူလေးရဲ့ တဲ့။ သူက ဂျကားလဲအပီဝူး ချစ်တူ တဲ့” ဆိုပြီး ဟာသ ဆန်ဆန်လေး ရေးထားတာ ဖြစ်ပါတယ်။ မအေးသောင်း ရဲ့ ချစ်သူလေးကတော့ သူ့ကို အိုဇာတာ ကောင်းတယ်လို့ ချီးမွှန်းပြောဆို လိုက်တာ ဖြစ်ပါတယ်။

မအေးသောင်း ကတော့ ငယ်ငယ်လေးကတည်းက အားပေးတဲ့ ပရိသတ် များပေမယ့်လည်း လက်ရှိမှာလည်း သူမရဲ့ လှပလှတဲ့ ကိုယ်လုံးနဲ့ နုပျိုနေမှုတို့ကြောင့် ပရိသတ် အားပေးမှု ပိုပို ပြီးတော့ များလာတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း မင်းသမီး အေးဝတ်ရည်သောင်း ကို အာပေးတဲ့ သူတွေ ပါကြမယ် လို့ ထင်ပါတယ်။

Source-ဟီးဟီးဟားဟား