ဆယ်ကျော်သက်လေးလို အရမ်းလန်းနေတဲ့ ချစ်သုဝေရဲ့ အမိုက်စားပုံရိပ်တွေ

အနုပညာ

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဉီးဖြစ်တဲ့ ချစ်သုဝေကတော့ ချစ်​စရာ​ကောင်းတဲ့ အမြွာသမီး​လေးနှစ်​ဦးနဲ့အတူ အနုပညာအလုပ်​တွေလုပ်​ရင်း ဘဝကို​ပျော်​ရွှင်​အေးချမ်းစွာ ဖြတ်​သန်း​နေတာပါ။ လတ်တလောမှာတော့ မေမေ ချစ်သုဝေက ဆယ်ကျော်သက်လေးလို လန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လူငယ်ဆန်လွန်းတဲ့ ချစ်သုဝေရဲ့ဖက်ရှင်ကတော့ အရမ်းကို မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ဆယ်ကျော်သက်လေးလို လန်းနေတဲ့ မေမေချစ်သုဝေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေ​မေချစ်​သု​ဝေက​တော့ “Old Me ” ဆိုပြီး​ လူငယ်ဆန်တဲ့ ဖက်ရှင်လေးနဲ့ လန်းနေတဲ့ သူမရဲ့ အမိုက်စား ပုံ​လေး​တွေကို လူမှုကွန်ယက်မှာ တင်​ထားတာပါ။

ချစ်သုဝေကတော့ လက်ရှိမှာ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီး​လေး​တွေရဲ့နာမည်​နဲ့လည်း​ငွေ​ကြေးမတတ်​နိုင်​တဲ့ ကလးငယ်​တွေရဲ့ကျန်းမာ​ရေးအတွက်​ဖောင်​ဒေးရှင်းတစ်​ခု တည်​ထောင်​ထားပါ​သေးတယ်​နော်​။ ချစ်ပရိသတ်တွေလည်း ကလေးနှစ်ယောက်မေမေပေမယ့် အရမ်းလန်းတဲ့ ချစ်သုဝေကို သ​ဘောကျရင်​Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

မိုမိုလေး