ချစ်ရတဲ့ သူငယ်ချင်းချောချောလေးတွေနဲ့ အတူတူပွဲတက်ခဲ့တဲ့ ပိုးမမှီသာ

အနုပညာ

ဆေးကျောင်းသူလေးတစ်ဉီးအနေနဲ့ ပရိသတ်​တွေ အချစ်​ပိုခဲ့ကြရတဲ့ ချစ်​စရာ​ကောင်​မ​လေး ပိုးမမှီသာက​တော့ ထူးခြားတဲ့ အလှတရားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ ဆေး​ကျောင်းသူ​လေးတစ်​ဖြစ်​လဲ ပိုးမမှီသာက​တော့ သူမ​ရွေးချယ်​ထားတဲ့ ဆရာဝန်​အလုပ်​ဘက်​ကိုပဲ တစ်​စိုက်​မတ်​မတ်​လုပ်​ကိုင်​နေတာဖြစ်ပြီး အခုလက်ရှိမှာ အလုပ်သင် ဆရာဝန်တစ်ဉီးအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်​။ လတ်တလောမှာတော့ ပိုးမမှီသာက​ ချစ်ရတဲ့ သူငယ်ချင်းချောချောလေးတွေနဲ့ အတူတူပွဲတက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်​လေး​တွေကို လူမှုကွန်​ယက်​မှာ ဝေမျှပေးခဲ့တာ တွေ့ရပါတယ်။ လှရက်လွန်းတဲ့ ပိုးမမှီသာတို့ သူငယ်ချင်းတစ်စုရဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကို ပိုအချစ်ပိုစေခဲ့တာပါနော်။

ချစ်​ပရိသတ်​တွေအတွက်​ အတူတူ ပွဲတက်ခဲ့ကြတဲ့ ပိုးမမှီသာတို့ သူငယ်ချင်းတွေရဲ့ချစ်​စရာပုံရိပ်​လေး​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ပိုးမမှီသာက​တော့ ” မနေ့ညက“ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်” ကိုသွားရောက်အားပေးခဲ့စဉ် 💛💛💛”ဆိုပြီး လှရက်လွန်းတဲ့ သူမရဲ့ပွဲတက်ပုံ​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ဒေါင်းနဲ့ ချစ်စရာကောင်မလေးတွေ…။

ပိုးမမှီသာက​တော့​ လက်ရှိမှာ ဆေး​ကျောင်းပြီးပြီမို့ အလုပ်သင် ဒေါက်တာအဖြစ် အကောင်းဆုံးကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဆရာဝန်​တစ်​ဦးဖြစ်​သွားရင်​အနုပညာအလုပ်​တွေ ရပ်​နားလိုက်​တော့မှာဖြစ်​တဲ့ ပိုးမမှီသာရဲ့အနုပညာလှုပ်ရှားမှုတွေကိုတော့ ပရိသတ်တွေက သတိရနေကြရမှာပါ။ ချစ်​ပရိသတ်​တွေလည်း အကုန်လုံး ချောကြတဲ့ ပိုးမမှီသာတို့ သူငယ်ချင်းတွေကို​ချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။