အဆိုတော်မကြီးတွေအတိုင်း ဆွဲကြိုးဆွဲ၊ ဒေါက်ဖိနပ်စီးပြီး သီချင်းဆိုနေကြတဲ့ ခေတ်နဲ့သစ်

အနုပညာ

နိုင်ငံကျော်အဆိုတော် ချစ်သုဝေဟာ အဆင်းရော၊ အချင်းပါ ပြည့်စုံသူလေးဖြစ်ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနေအထိုင် သိမ်မွေ့ပြီး စိတ်ထားလေးလည်းကောင်းတဲ့ ချစ်သုဝေကို လူကြီး၊ လူငယ်မရွေး ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။ ချစ်သုဝေကလည်း မိသားစုတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲပါ။

ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း မေမေနဲ့တူပြီး အရမ်းချစ်စရာကောင်းတဲ့ အမြွှာလေးတွေဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခေတ်နဲ့သစ်က မေမေချစ်သုဝေရဲ့ ဆွဲကြိုးဆွဲ၊ ဒေါက်ဖိနပ်စီးပြီး အဆိုတော်ကြီးတွေလို ဟန်ပါပါနဲ့ သီချင်းဆိုနေကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ခေတ်နဲသစ်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ချစ်သုဝေက “ကိုယ်လည်းည က2 ladies show ကြည့်နေလို့ အိပ်ရေးပျက်တယ်🤪🤩😍 ခေတ်ပလုံစိ ရဲ့ accessories ဆင်မြန်းပုံကို နောက် show တွေကြရင် ကော်ပီပါရစေနော်🤪🤣😂🥰😍” ဆိုပြီး သူ့သမီးတွေကို စနောက်ထားပါတယ်။

ခေတ်နဲ့သစ်ကတော့ နှစ်ယောက်တည်း 2 Ladies Show ကို ခြိမ့်ခြိမ့်သဲ ဖျော်ဖြေနေတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

မိုမိုလေး