စာဖြေသံဃာတော်တွေအတွက် ကြက်သားပလာတာနဲ့ဆေးဝါးတွေ သွားရောက်လှူဒါန်းပေးခဲ့တဲ့ သူရိယ

အနုပညာ

အနုပညာပိုးပါတဲ့သူရိယကတော့ မိသားစုလုပ်ငန်းဖြစ်တဲ့ “စိန်ဘယက်” တိုင်းရင်းဆေးတိုက်ရဲ့ကြော်ငြာမှာစတင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက ပရိသတ်ကိုအချစ်ပိုစေခဲ့သူတစ်ယောက်ပါ။ တိုင်းရင်းဆေးသံတမန်အဖြစ်လည်း ခန့်အပ်ခြင်းကိုခံထားရပြီး လက်ရှိအချိန်မှာလည်း အောင်မြင်တဲ့ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ရပ်တည်နေသူတစ်ယောက်ပါ။

သူဟာ မော်ဒယ်လ်သရုပ်ဆောင်ဆုအိမ့်စံနဲ့ လမ်းခွဲပြတ်စဲမှုအပြီးမှာတော့ ဝေဖန်တိုက်ခိုက်မှုတချို့ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ တက်ကြွလန်းဆန်းတဲ့ပုံစံနဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာသူပါ။ မကြာသေးခင်က ကျင်းပခဲ့တဲ့ အကြိမ်(၂၀)မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံ မှာလည်း တက်ကြွစွာပါဝင်ကူညီခဲ့ပါသေးတယ်။ ဒါ့အပြင် အလှူအတန်းရက်ရောတဲ့ သူရိယတို့မိသားစုကတော့ မကြာခဏဆိုသလို အလှူပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း ပဲခူးမြို့ ဝိနယာဓိကသံဃာတော်တွေ စာဖြေပွဲမှာ ကြက်သားပလာတာသွားရောက်လှူဒါန်းခဲ့တဲ့အပြင် ဆေးဝါးအတွက်စိန်ဘယက်တိုင်းရင်းဆေးတို့ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

ကတုံးဆံပင်ပေါက်လေးနဲ့ မိန်းကလေးတွေရဲ့အသည်းကိုဖမ်းစားထားပြန်တဲ့ သူရိယကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ သူ့ရဲ့အလှူလေးကို ပရိသတ်ကြီးသိအောင်မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်လည်း သူရိယရဲ့အလှူလေးကိုသာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်။